သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အစိုးရသစ်လက်ထက် မှာ ဖောင်းပွနေတဲ့ဝန်ကြီးဌာနတွေကို လျှော့သင့်တာလျှော့ ပေါင်းသင့်တာပေါင်းမှာဖြစ်တယ်လို့ မကြာခင်ဖွဲ့စည်းမယ့် အစိုးရသစ်ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တဲ့အတွက် အစိုးရဝန်ထမ်းလောကမှာ လှုပ်လှုပ်ရှားရှားအသံတွေ ထွက်လာပါတယ်။
2016-01-07
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခေါ်ယူကျင်းပတော့မှာ ဖြစ်ပြီး လွှတ်တော်ဥက္ကဌတွေနဲ့ သမ္မတ ရွေးချယ်ပုံ လုပ်ငန်းတွေကို RFA အဖွဲ့သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-01-07
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေနဲ့ စတင် ကျင်းပမယ့် လွှတ်တော်အသစ်ကို လာမယ့် ဖေဖော် ဝါရီလ ၁ရက်နေ့မှာ ခေါ်ယူကျင်းပ မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-01-07
၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ အားကောင်းတဲ့ အယ်နီညိုရာသီဥတုနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ရာသီဥတု ဆိုးဝါးတဲ့ဒဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။
2016-01-07
မြန်မာတစ်နိုင်ငံလုံးက ရပ်ကွက် ကျေးရွာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တွေ ရွေးချယ်ဖို့ အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်ကစပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ရွေးချယ်ပွဲတွေကို ဦးဆောင်ကျင်းပနေ ပါတယ်။
2016-01-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွဲ့တဲ့အခါ လက်ရှိအစိုးရလက်ထက်မှာရှိနေတဲ့ ဝန်ကြီးဌာန ၃၆ ခုထဲက ဘယ်ဝန်ကြီးဌာနတွေကို ဖျက်သိမ်းသင့်သလဲနဲ့ ဘယ်ဝန်ကြီးဌာနတွေကို ပေါင်းစည်းတာတွေ ဆောင်ရွက်သင့်သလဲ ဆိုတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ စီးပွားရေးပညာရှင်တွေရဲ့ သဘောထားအမြင်တွေကို အာအက်ဖ်အေသတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
2016-01-06
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်-၄ မှာ ရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံ အလုပ် သမား ၂ ရာကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်အဝ မရတာကြောင့် ဆန္ဒပြနေ တာ တလနီးပါး ကြာခဲ့ပေမယ့် အလုပ်ရှင်ဘက်က ဒီကနေ့အထိ မပေးသေးတဲ့အတွက် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။
2016-01-06
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အသစ်တွေနဲ့ ဖွဲ့စည်းမယ့် လွှတ်တော်အသစ်တွေ ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပမယ့်အကြောင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒီနေ့ ကြေညာလိုက်ပါတယ်။
2016-01-06
မြန်မာတစ်နိုင်ငံလုံးက ရပ်ကွက် ကျေးရွာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တွေ ရွေးချယ်ဖို့ အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်ကစပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ရွေးချယ်ပွဲတွေကို ဦးဆောင်ကျင်းပနေ ပါတယ်။
2016-01-06
ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မိုင်းရှူးကားလမ်းပေါ်က ပျက်စီးနေတဲ့ "နားလီ" တံတား ပြုပြင်နေတာ တလနီးပါး ရှိပြီဖြစ်ပြီး၊ လက်ရှိ ဆောက်ပေးထားတဲ့ ယာယီတံတားဟာလည်း ခိုင်ခံ့မှုအားနည်းတဲ့အတွက် ကားတွေသွားလာဖို့ အခက်အခဲ တွေ့နေပါတယ်။
2016-01-06
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း မိုးစပါးတွေ ရိတ်သိမ်းရာမှာ လူအင်အားသုံးပြီး လက်နဲ့ ရိတ်သိမ်းရာကနေ စပါးရိတ်စက်တွေကို ငှားရမ်းအသုံးပြု လာနေကြပြီ ဖြစ်ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2016-01-06
မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး NNER ကွန်ရက်အဖွဲ့ဝင်တွေဟာ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံနေသလို၊ အမေရိကန်နိုင်ငံရဲ့ ပညာရေး စနစ်တွေလည်း လှည့်လည်လေ့လာနေပါတယ်။
2016-01-06
ရွေးကောက်ပွဲရလဒ်အရ NLD အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို နိုင်ငံ့တာဝန်လွဲပြောင်းပေးဖို့ အတွက် အစိုးရဘက်က ပြင်ဆင်နေတဲ့ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-01-06
ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော်သစ် စတင်ခေါ်ယူနိုင်ဖွယ်ရှိတာကြောင့် NLD ပါတီက တင်သွင်းမယ့် သမ္မတလောင်းနဲ့ အစိုးရအဖွဲ့ဝင်စာရင်းတွေ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာသင့်ပြီလို့ နိုင်ငံရေးလေ့လာသူတချို့က ထောက်ပြနေကြပါတယ်။
2016-01-06
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စား လှယ်ပေါင်း ၇၅၀ တက်ရောက် မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဇန်န ဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ၅ရက်ကြာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။