လွှတ်တော်သစ်နဲ့ လုပ်ထုံးလုပ်နည်းများ
2016.01.06
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အသစ်တွေနဲ့ ဖွဲ့စည်းမယ့် လွှတ်တော်အသစ်တွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပမယ့်အကြောင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒီနေ့ ကြေညာလိုက်ပါတယ်။ လွှတ်တော်အသစ် စတင်ချိန်မှာ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။