သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-01
၂၀၁၈ နှစ်သစ်အတွက် RFA မြန်မာပိုင်းအစီအစဉ်ဌာနမှူး ဒေါ်ငြိမ်းရွှေရဲ့ နှစ်သစ်နှုတ်ခွန်းဆက်စကားကို မသင်းသီရိ က တင်ပြထားပါတယ်။
2018-01-01
၂၀၁၈ နှစ်သစ်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်စကားကို မသင်းသီရိ က တင်ပြထားပါတယ်။
2018-01-01
သမိုင်းအစဉ်အဆက် ရှမ်းစာပေတွေကို ရေးသား ဖော်ထုတ်ထိန်းသိမ်းခဲ့ကြတဲ့ ရှမ်းစာဆိုတော်ကြီးတွေ ကို ဂုဏ်ပြုတဲ့အခမ်းအနားကို ကျောက်မဲမြို့ မန်ကောင်းမူရွာမှာ ၂ဝ၁၈ ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-01-01
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တွေနဲ့ လှေလုပ်သား စုစုပေါင်း တစ်ရာလောက်ဟာ ငါးဖမ်းလိုင်စင်မရှိသေးတဲ့အတွက် “၁၉၉ဝ မြန်မာ့ပင်လယ်ပြင်ဥပဒေ” မပြင်ဆင်သေးတဲ့ ကြားကာလအတွင်း လိုင်စင်မရှိဘဲ ငါးဖမ်းခွင့်ပေးဖို့ ဒီဇင်ဘာလ ၃ဝ နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2018-01-01
အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားသစ်အဖြစ် တစ်ရက်ကို ၄၈ဝဝ ကျပ် သတ်မှတ်ဖို့ နေပြည်တော် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2018-01-01
ရှမ်းပြည်နယ်မြောက်ပိုင်းက လူငယ်အများစုဟာ မိသားစု စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးအခက်အခဲတွေကြောင့် စိတ်ထွက်ပေါက် ခေတ္တခဏ ရရှိနိုင်ဖို့အတွက် မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူစမ်းသပ်သုံးစွဲခဲ့ကြရင်းကနေ မသုံးရ မနေနိုင်ဖြစ်ပြီး ဘဝပျက်ကြရပါတယ်။
2018-01-01
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေ အကောင်အထည်ဖေါ် တည်ဆောက်မယ်ဆိုတဲ့အချိန်က ကန့်ကွက်ခဲ့သူ တချို့ဟာ အခု NLD ပါတီ အစိုးရ အာဏာရရှိလာပြီးနောက်၊ ကိုယ်တိုင်တာဝန်ရှိသူတွေ၊ အဆုံးအဖြတ်ပေးလာရသူတွေ ဖြစ်လာချိန်မှာတော့ … သဘောထားအယူအဆတွေ ပြောင်းလဲလာတာ တွေ့ရပါတယ်။
2018-01-01
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်က ကျောက်မျက်ထွက်ရာ ရတနာမြေ ဆိုင်းလျန်ဒေသဘက်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
2018-01-01
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်က ကျောက်မျက်ထွက်ရာ ရတနာမြေ ဆိုင်းလျန်ဒေသဘက်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
2018-01-01
ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီအစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်တွေမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီ အစည်းအဝေးမှာ ပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် နှုတ်ထွက်ခွင့်တင်ထားတဲ့ကိစ္စကို ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2018-01-01
သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်နှစ်လယ်ပိုင်းမှာ ထပ်မံကျင်းပဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေပါတယ်။
2018-01-01
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရွှေမောင်းတောင်ပေါ်က ကျူးကျော်နေထိုင်သူတွေကို စည်ပင်သာယာရေး ဥပဒေအတိုင်း ဖယ်ရှားသွားမယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းစိုး က ဒီနေ့ ပြောပါတယ်။
2018-01-01
လက်ရှိအစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှာ ထပ်မံကျင်းပပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဒီနေ့ ပြောပါတယ်။