သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-01
ပုလောမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အခြေခံစားကုန်ဖြစ်တဲ့ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။
2024-09-01
ခင်ဦးမြို့နယ် မဒေါင်းလှရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သားလေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
2024-09-01
အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၁၁၃၂ ဦးသတ်ဖြတ်ခံရပြီး ငါးထောင်ကျော် (၅၆၄၉ ဦး) ဖမ်းဆီးခံခဲ့ရပါတယ်။
2024-09-01
ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒုရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါတယ်။
2024-09-01
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-09-01
သန်းခေါင်စာရင်း အချက်အလက်တွေကို မဲစာရင်းမှန်ကန်ရေးမှာ အသုံးပြုသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။