သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-01
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ကြီးမှာ နိုင်ငံတဝှမ်း မဲပေးပိုင်ခွင့်ရှိသူစာရင်းဟာ ၃၃ ဒသမ ၅သန်းခန့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။
2015-10-01
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက် ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေ ဆိုတာကို ပြသဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောလိုက်ပါတယ်။
2015-10-01
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်း ရုံး ဟောပြောခွင့်မပြုကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က မနေ့ညက အကြောင်းပြန်လိုက်ပြီး မနောကွင်းဝင်ပေါက် သုံးခုကို သော့ခတ်ပိတ်လိုက် ပါတယ်။
2015-10-01
သမ္မတဦးသိန်းစိန်ဟာ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ကို စက်တင်ဘာလ ၃ဝ ရက်နေ့က ရောက် ရှိခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် အနေနဲ့ မဲစာရင်းမှားယွင်းနေတာတွေကို ပြင်ကြ ဖို့ ပြောကြားခဲ့ပါတယ်။