သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-01
အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မနေ့က တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။
2021-01-01
မြန်မာနိုင်ငံက တင်ပို့တဲ့ အေးခဲအစားအစာတွေကို ကိုဗစ်ကာကွယ်ရေး အကြောင်းပြချက်နဲ့ တရုတ်ဘက်က ရပ်ဆိုင်းထားတာကြောင့် ရေထွက်ပို့ကုန် လုပ်ငန်းရှင်တွေ ငါးဖမ်းစက်လှေ ပိုင်ရှင်တွေသာမက ရေလုပ်သားတွေအပါ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။
2021-01-01
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံကနေ တင်သွင်းလာတဲ့ တစ်ပတ်ရစ် မော်တော်ကားတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကအစ စက်ဘီး ၊ အိုးခွက်ပန်းကန်နဲ့ လူသုံးကုန်ပစ္စည်းတွေအထိ တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချနေကြပါတယ်။
2021-01-01
ကမ္ဘာမှာ လူပေါင်းတစ်ဘီလျံလောက်ဟာ မျက်စိနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားနေရပြီး အဲဒီအထဲက လူပေါင်း သုံးသန်းလောက်ဟာ ဆီးချိုရောဂါကြောင့် မျက်စိအမြင်လွှာ ပျက်စီးနေကြရပါတယ်။
2021-01-01
ကယားပြည်နယ် ရှားတောမြို့နယ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေတဲ့နေရာတွေမှာ ခရီးသွားလုပ်ငန်း ဆောင်ရွက်ဖို့ အစိုးရက စီစဉ်နေတာကို KNPP ပါတီက ကန့်ကွက်လိုက်ပါတယ်။
2021-01-01
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့ သုံးဦးကို ရက္ခိုင့်တပ်တော် AA က ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ သူတို့ သုံးဦးကို တပ်မတော်က AA အဖွဲ့ဆီကနေ လွှဲပြောင်းလက်ခံလာပြီး စစ်တွေမြို့ကို ခေါ်ဆောင်လာတာဖြစ်ပါတယ်။
2021-01-01
နှစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် သုံးဦးဟာ ဇန်နဝါရီ ၁ ရက် ဒီညနေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
2021-01-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တောင်ကုတ်မြို့နယ် ကိုယ်စားလှယ်လောင်း သုံးဦးကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မိကျောင်းတက်ရွာရွာမှာ ရက္ခိုင့်တပ်တော် AA လွဲှပြောင်းရေးအဖွဲ့က တပ်မတော်လက်ခံရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်တဲ့အဖွဲ့ဆီ ဒီနေ့ လွှဲပြောင်းပေးမယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောပါတယ်။
2021-01-01
ရက္ခိုင့်တပ်တော် AA က အချိန် နှစ်လ ကျော်ကြာဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။