AA ပြန်လွှတ်ပေးလိုက်တဲ့ NLD ပါတီဝင် သုံးဦး စစ်တွေ ရောက်ရှိ

2021.01.01

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့ သုံးဦးကို ရက္ခိုင့်တပ်တော် AA က ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ သူတို့ သုံးဦးကို တပ်မတော်က AA အဖွဲ့ဆီကနေ လွှဲပြောင်းလက်ခံလာပြီး စစ်တွေမြို့ကို ခေါ်ဆောင်လာတာဖြစ်ပါတယ်။

စစ်တွေမြို့ကို ရောက်လာတဲ့ သူတို့ သုံးဦးနဲ့ပတ်သက်လို့ သတင်းရယူနေတဲ့ RFA သတင်းထောက် ကိုနီမင်းထွန်းကို မဖြူဖြူခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။