သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-18
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့က ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းနဲ့ ရမ်းဗြဲ မြို့က ကမန်တိုင်းရင်းသားဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2017-01-18
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ မနက် က တွေ့ဆုံပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-01-18
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် မထိုးရသေး တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်အောင် အစိုးရနဲ့ တပ်မတော်က ပိုမိုလမ်းဖွင့်ပေးဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေကို နှစ် ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကရင် အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးစေးဖိုး က တောင်း ဆိုလိုက်ပါတယ်။
2017-01-18
ရေလွှမ်းခံထားရတဲ့ မြန်မာ-ထိုင်းနယ်စပ် နားက တနင်္သာရီမြို့နယ် အေးမွန် သာ ခေါ် ချောင်ချိ ကျေးရွာမှာ ဒေသခံ ၁၅၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
2017-01-18
ရန်ကုန်မြို့မှာ ဇန်နဝါရီလ ၁၆ရက်နေ့က စတင်ပြောင်းလဲလိုက်တဲ့ ဘတ်စ်ကားစနစ်ဟာ ခရီးသွားပြည်သူတွေအတွက် အခက်အခဲတွေ ရှိနေသေးတာကြောင့် မီးရထားကို အသုံးပြုသူ ပုံမှန်ထက် ပိုများလာပါတယ်။
2017-01-18
ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားလိုင်းသစ်တွေ စတင်ပြေးဆွဲပြီး ဒီနေ့ ဒုတိယနေ့မှာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုယ်တိုင် YBS ယာဉ်လိုင်းကားတွေကို စီးနင်းပြီး ခရီးသွားသူတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ယာဉ်မောင်းတွေကို တွေ့ဆုံခဲ့ပါတယ်။
2017-01-18
ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်း ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် ဒေသတွင်း ဝါးလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းနေပါတယ်။
2017-01-18
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ နေ့လည်ပိုင်း က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
2017-01-18
မြန်မာနိုင်ငံက ကောက်ပဲသီးနှံဈေးကွက်နဲ့ပတ်သက်လို့ မန္တလေးကုန်စည်ဒိုင်ကို သွားရောက်လေ့လာခဲ့တဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။
2017-01-18
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာက ရာအိမ် မှူးဟောင်း ဖွေယာ ဇူဟောက် ဆိုသူကို ဇန်နဝါရီလ ၁၄ ရက်ညမှာ လူတချို့က အဓမ္မ လာရောက်ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် ၁၅ ရက်နေ့ညမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2017-01-18
မြန်မာနိုင်ငံ ရခိုင်ဒေသက ရိုဟင်ဂျာ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး လာမယ့် ကြာသပတေးနေ့မှာ အစ္စလာ မ္မစ် ကောင်စီ OIC အဖွဲ့ဝင်နိုင်ငံများက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးတရပ်ကို မလေး ရှားနိုင်ငံ ကွာလာလန်ပူမြို့မှာ ကျင်းပမှာဖြစ်ပါတယ်လို့ OIC အဖွဲ့ကက ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။
2017-01-18
နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ နေထိုင်နေ ကြသူ မြန်မာနိုင်ငံသား ၄ ဒဿမ ၂၅ သန်း ရှိကြောင်း ကုလသမဂ္ဂ လူဦးရေဆိုင်ရာ အဖွဲ့ UNFPA က ထုတ်ပြန်လိုက်ပါတယ်။
2017-01-18
ဘင်္ဂလားဒေ့ရှ်ုနိုင်ငံဆိုင်ရာ ဥရောပ သံအမတ်ကြီး ၃ ယောက်ဟာ ဘင်္ဂ လားဒေ့ရှ်နဲ့ မြန်မာနယ်ခြား ကော့ဇက် ဘဇားဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ဇန်နဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။
2017-01-17
ပူပြင်းတဲ့နွေရာသီရောက်လာတော့မှာမို့ ရေရှား ပါးပြတ်လပ်တဲ့ပြဿနာတွေကြုံလာရတော့မှာကို မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှားဒေသကပြည်သူတွေ စိုးရိမ်ပူပန်နေ ကြပါပြီ။
2017-01-17
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ အတွက် စားနပ်ရိက္ခာတွေ တင်ဆောင် ထားတဲ့ သင်္ဘောဟာ မလေးရှားနိုင်ငံ ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စတင်ထွက်ခွာမယ်လို့ မလေးရှား မွတ်စလင် အန်ဂျီအို အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။