သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-01
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစုပေါင်းစုံ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ နိုင်ငံတော်သမ္မတက ဒီနေ့ ရေဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
2015-01-01
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲဟာ ၂၀၁၄ နှစ်ကုန်ခါ နီးလောက်မှာ ဖြစ်မယ် လို့ ပြောဆိုခဲ့ကြပေ မယ့် ဖြစ်မလာပဲ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောကြပါတယ်။
2015-01-01
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲစာရင်းထဲမှာ မပါဝင်ပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ ပုံစံ (၃) နဲ့ တောင်းဆိုနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။
2015-01-01
၂ဝ၁၄ ခုနှစ် သုံးသပ်ချက်နဲ့ ၂၀၁၅ ခုနှစ် ခန့်မှန်းချက်တချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။
2015-01-01
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား မခက်မာက စီစဉ်တင်ဆက် ထားပါတယ်။
2015-01-01
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာ နဲ့ ရေလယ်ကျွန်းကျေးရွာအကြားမှာ အခုနှစ် ၂၀၁၄ ပေါ်လာ တဲ့ မြေနုကျွန်းတွေကို ပြန်လည် ခွဲဝေပေးရာမှာ အငြင်းပွားမှု ဖြစ်နေပါတယ်။
2015-01-01
တောင်သူဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ၂၀၁၄ ဒီဇင်ဘာလ ၃၁ ရက် ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ လူငယ်တချို့က လက်ကမ်းစာစောင်တွေ ဝေငှပြီး ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။