၂၀၁၄ ခုနှစ်အတွင်းကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေအပေါ် သုံးသပ်ချက်
2015.01.01
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲဟာ ၂၀၁၄ နှစ်ကုန်ခါ နီးလောက်မှာ ဖြစ်မယ်လို့ ပြောဆိုခဲ့ကြပေမယ့် ဖြစ်မလာပဲ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောကြပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီးသတ်ခါနီးလို့ ပြောတဲ့အချိန်မှာလည်း တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အေ တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲပါ။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုယ်စား ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ ၂၀၁၄ ခုနှစ်အတွင်းကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေအပေါ် သုံးသပ်ချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။