အားလုံးပါဝင်နိုင်တဲ့ ရွေးကောက် ပွဲဖြစ်အောင် ကြိုးပမ်းမယ်လို့ သမ္မတဦးသိန်းစိန် ပြောကြား


2015.01.01
utheinsein-newyear-305.jpg မိန့်ခွန်းပြောကြားနေသော သမ္မတ ဦးသိန်းစိန်ပုံ
Photo: President Office Website

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးအင်အား စုပေါင်းစုံ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက်သွားမယ် လို့ နိုင်ငံတော်သမ္မတက ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစပြီး ကျင်းပခဲ့တဲ့ရွေးကောက် ပွဲတွေမှာ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်မှုမရှိခဲ့ တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတက ပြော ပါတယ်။

"ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးအပါဆုံး အဆင့်တစ်ဆင့်ဖြစ်တဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ် မှာ ဖြစ်ပါတယ်၊ လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ပြောင်း ကြည့်ရှုတဲ့အခါ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ နိုင်ငံရေးအင်အားစုတစ်ရပ်ရပ်ရဲ့ ဆန့်ကျင်မှု၊ မပါဝင်မှုကို အမြဲလိုလိုကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်ခဲ့ခြင်း မရှိတာ ကို တွေ့ရမှာဖြစ်ပါတယ်၊ နိုင်ငံရေးအင်အားစုများအနေနဲ့ ရွေးကောက်ပွဲနည်းလမ်းပါ နိုင်ငံရေးကိုရှာဖွေပြီး မှန်ကန်တဲ့နိုင်ငံရေး ရွေးချယ်မှုတွေပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ အခြေအနေများကြောင့်လည်း ၂ဝ၁၅ ဟာ နိုင်ငံရေးအရ ထူးခြားမှုရှိမယ့်နှစ် ဖြစ်ပါတယ်"

ပြီးခဲ့တဲ့တစ်နှစ်အတွင်း နိုင်ငံတော်အခြေအနေနဲ့ ၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်မယ့် အစိုးရရဲ့လုပ်ငန်းစဉ်တွေ ကို နိုင်ငံတော်သမ္မတက မိနစ် ၃၀ နီးပါးကြာ ရေဒီယိုကနေတဆင့် မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဟာ အစိုးရသက်တမ်းရဲ့ နောက်ဆုံးဖြစ်ပြီး ဒီနှစ်အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ နဲ့ မြေယာပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။