သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-01
၂၀၁၄ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေးမှာ ဘာသာရေးကို အခြေခံတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အမျိုး ဘာသာသာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က မျိုးစောင့်ဥပဒေ လေးခုကို ပြဌာန်းပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် အစိုးရက လွှတ်တော်ကို တင်ပြပေးခဲ့အထိ ဖြစ်ခဲ့ပါတယ်။
2015-01-01
၂၀၁၄ ခုနှစ်ဟာ ဆိုရင်မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ၄ နှစ်ကာလလို့ ဆိုရမှာ ဖြစ်သလိုနိုင်ငံတကာနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတဲ့နှစ်လည်း ဖြစ်ပါတယ်။
2015-01-01
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ရေးဆွဲမယ်လို့ ရှန်ဟိုင်း နေ့စဉ်သတင်းက ဖော်ပြပါတယ်။
2015-01-01
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာ့မီဒီယာလောကမှာ စိတ်မကောင်းစရာတွေကြုံခဲ့ရသလို၊ ၂ဝ၁၅ ခုနှစ်မှာ မီဒီယာရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးလာပြီ လို့ မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် ကပြောပါတယ်။
2015-01-01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း တောင်သူဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့တဲ့အမှုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ၂ဝ၁၅ ဇန်နဝါရီလ ၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-01-01
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်အတွင်း ထူးခြားထင်ရှား၊ လူသိများတဲ့ အပြောင်းအလဲတွေ၊အဖြစ်အပျက်တွေ အများအပြားရှိခဲ့ပါတယ်။ အဲဒီအထဲက လူသိများခဲ့တဲ့ အဖြစ်အပျက်တချို့ကို RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။
2015-01-01
၂ဝ၁၅ ခုနှစ်မှာ ပဋိပက္ခတွေ နောက်ထပ်မပေါ်ပေါက်စေဖို့နဲ့၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက်ဆုတောင်းပွဲတစ်ခု ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အာရှအလင်းရောင်ကျောင်းတိုက်မှာ ၂၀၁၄ ဒီဇင်ဘာလ (၃၁) ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-01
ရခိုင်ပြည်နယ်အချုပ်အခြာ ကျဆုံးခဲ့တဲ့ နှစ်ပေါင်း၂၃ဝ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနဲ့ ဟောပြောပွဲတွေကို စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ၂ဝ၁၄ ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
2015-01-01
ရခိုင်ပြည်နယ်မှာ နေလှန်းဆားလုပ်ငန်းကို အရင်က စီးပွားရေးလုပ်ငန်းကြီး တရပ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခဲ့ကြပေမယ့်၊ အခုအချိန်မှာ လုပ်ကိုင်မယ့်သူ မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။
2015-01-01
၂၀၁၄ခုနှစ် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေတွေအပေါ် သုံးသပ်သူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2015-01-01
၂၀၁၅ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် တို့အပါအဝင် ထင်ရှားသူတွေရဲ့နှစ်သစ်ကူး စကားလက်ဆောင် ပြောကြားချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားပါတယ်။
2015-01-01
အခုလို ၂၀၁၅ ခုနှစ်ကို စတင်ဝင်ရောက်တဲ့ နှစ်သစ်ကူးအခါသမယမှာ ဗုဒ္ဓဘာသာစာပေတွေ ရေးသားဟောကြားနေတဲ့ ဆရာတော် ရဝေနွယ် (အင်းမ) ခေါ် အရှင်ရာဇိန္ဒကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က လျှောက်ထားတင်ပြထားပါတယ်။
2015-01-01
လာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလကုန်မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲစာရင်းထဲ မှာ မပါဝင်ပါက သက်ဆိုင်ရာ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန မှာ တောင်းဆိုဖြည့်စွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အစိုးရသတင်းစာတွေမှာ ကြေညာ ချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။
2015-01-01
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မနဲ့ တရား စွဲခံထားရတဲ့ အစ္စလာမ် ဘာသာဝင် ၂၀ ဦး အမှုကို ဒီလ ၁၂ ရက်နေ့မှာ အမိန့်ချမယ်လို့ တောင်ကြီး ခရိုင် တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-01-01
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်န့ဲ ၂၃ ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခမှာ တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ်ရဲစခန်းက ဒေသခံ ၃ ဦးကို ဒီကနေ့ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။