ဒေါ်ခင်ဝင်းသေဆုံးမှု လက်ပံတောင်းဒေသခံ ၃ ဦးကို ခေါ်ယူစစ်ဆေး


2015.01.01
lpt-police-305.jpg လက်ပံတောင်းတောင်ဒေသမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်
Photo: Kyaw Zaw Win/RFA

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်န့ဲ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ တဲ့ လက်ပံတောင်းတောင် ပဋိပက္ခမှာ တောင်သူ ဒေါ် ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းက ဒေသခံ ၃ ဦးကို ဒီကနေ့ ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

တောင်သူ ဒေါ်ခင်ဝင်းကို သေနတ်မှန်ပြီး ဘယ်လိုသေ ဆုံးခဲ့တာလဲဆိုတာကို ဒုတိယရဲမှူးသန်းနိုင်က စစ်ဆေးမေးမြန်းခဲ့တာဖြစ်တယ်လို့ သွားရောက်အစစ် ခံခဲ့တဲ့ ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်ခင်မာအေး က ပြောပါတယ်။

"ဒေါ်ခင်ဝင်းကို ဘယ်နေရာမှန်တုန်း၊ ဘယ်နေရာ မှာ ဖြစ်ပွားတာတုန်း၊ ဘယ်လိုမှာကျဆုံးတုန်း အဲ့ဒါတွေကို အကုန်လျှောက်ပြီး စစ်ဆေးနေတယ်၊ ကျမတို့ကတော့ ဒေါ်ခင်ဝင်းကျဆုံးတဲ့နေ့က လိပ်ခွံတောင်အနောက်ဖက်မှာ ဒေါ်ခင် ဝင်းခေါင်း သေနတ်မှန်လို့ ဦးနှောက်တွေ လွင့်စဉ်သွားတယ်လို့ အဲ့လိုပဲထွက်ဆိုခဲ့တယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လိပ်ခွံတောင်အနီးက လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်စဉ် ရွာသားတွေက တားမြစ်ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့မိသားစုဝင်တွေက ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထား တာကြောင့် အဲဒီပဋိပက္ခဖြစ်ပွားချိန်မှာ ရှိနေခဲ့တဲ့ မျက်မြင်သက်သေ ၆ ဦးကို စစ်ဆေးဖို့ ခေါ်ယူရာမှာ တောင်သူ ၃ ဦးသာ အစစ်ခံခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန် ကျန်တဲ့ တောင်သူ ၃ ဦးကို စစ်ဆေးခံဖို့ ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။