သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-30
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၂၂) အနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ မန္တလေးတိုင်း၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-07-30
ကချင်ပြည်နယ်တစ်ခုလုံးမှာ ဇူလိုင် ၂၁ ရက်နေ့ကစလို့ ဇူလိုင် ၃၀ ရက် ဒီနေ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ဆယ်ရက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-07-30
ဧရာဝတီတိုင်း ကျုံပျော်နဲ့ ကန်ကြီးထောင့်မြို့နယ်မှာ ဒါးကမြစ်ရေမြင့်တက်လာတာကြောင့် မိုးစပါးစိုက်ဧက ၁၄,၀၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာရဲ့ ဇူလိုင်လ ၃၀ ရက် ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
2024-07-29
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မီးရထားလမ်းပိုင်းတချို့ ရေမြုပ်နေတာကြောင့် ရန်ကုန် - မန္တလေး၊ ပဲခူး - မော်လမြိုင်နဲ့ ပုသိမ် - ကြံခင်း ရထားခရီးစဉ်တွေ ဖျက်သိမ်းထားတယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့မီးရထားက ဇူလိုင် ၂၉ မှာ ကြေညာပါတယ်။
2024-07-29
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဆယ်ကို စစ်သုံ့ပန်းအဖြစ် ထပ်မံဖမ်းဆီးရမိတယ်လို့ TNLA က ဇူလိုင်လ ၂၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။
2024-07-29
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့တွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ RCSS က တိုက်တွန်းလိုက်ပါတယ်။
2024-07-29
ဘားအံမြို့မှာ မိုးသည်းထန်ပြီး သံလွင်မြစ်ရေကြီးတာကြောင့် ဒေသခံ ရှစ်ထောင်ကျော်ကို ကယ်ဆယ်ရေးစခန်းတွေကို နေရာရွှေ့ပြောင်းထားရပါတယ်။
2024-07-29
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာကြောင်း NUG က ပြောပါတယ်။
2024-07-29
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ ၅၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ထိုင်းဘတ် ကိုးသန်း (ဒေါ်လာ နှစ်သန်းခွဲ) ထောက်ပံ့ကူညီသွားမယ်လို့ ကြေညာခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဇူလိုင် ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။
2024-07-29
လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီလို့ MNDAA က သတင်းထုတ်ပြန်ထားပေမဲ့ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-29
မောင်တောမြို့နယ် ကံသာယာ (အလယ်) ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာခံငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-29
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ကလေးနှစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-29
ရေနံချောင်းမြို့နယ် ကုက္ကိုခွကျေးရွာအုပ်စုအတွင်းကို ဇူလိုင် ၂၈ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။
2024-07-29
ပြည်ပကတင်ပို့တဲ့ LPG ဓာတ်ငွေ့တွေကို ရန်ကုန်ဆိပ်ကမ်းကတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးတာဖြစ်ပေမဲ့ ဆိပ်ကမ်းရှိရာ ရန်ကုန်မြို့မှာတောင် မကြာခဏဆိုသလို ပစ္စည်းပြတ်လပ်နေပါတယ်။
2024-07-29
မင်းကင်းမြို့နယ် ပျဥ်းကိုင်းရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။