သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-11-27
မလေးရှားနိုင်ငံ၊ အမ်ပန်းမြို့ ပန်ဒါမေဝါအိမ်ရာ အဆောက်အအုံတွေမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၈၉ ဦး နိုဝင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
2024-11-27
မင်းတပ်၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာ စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ကလည်း လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေပါတယ်။
2024-11-27
ပုသိမ်မြို့ မီးရထားပိုင် ဧရိယာအတွင်းက နေအိမ် လေးရာခန့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဖယ်ရှားပေးဖို့ မီးရထားဌာန တာဝန်ရှိသူတွေက နေထိုင်သူတွေကို အသိပေးထားပါတယ်။
2024-11-26
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မတည်ငြိမ်မှုနဲ့ စစ်ပွဲတွေကို တရုတ်အနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မကြာခင် ပြန်လည်တည်ငြိမ်ဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၆ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2024-11-26
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေမှုတွေလုပ်ကြဖို့ စစ်ကောင်စီကို အဖွဲ့ဝင် ခုနစ်နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက နိုဝင်ဘာလ ၂၆ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
2024-11-26
နိုဝင်ဘာလ ၂၆ ရက်နေ့က အွန်လိုင်းက ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
2024-11-26
အလုပ်ကလည်း အချိန်ပိုမရ၊ နယ်မှာကျန်ခဲ့တဲ့ မိဘတွေကို ပိုက်ဆံပြန်ပို့ရဆိုတော့ ဝမ်းရေးနပ်မှန်ဖို့တောင် အနိုင်နိုင်ပါ။
2024-11-26
CDM စစ်သား ကိုနိုင်မိုးဟာ အလုပ်အကိုင်မရှိလို့ ထိုင်းနိုင်ငံ မဲဆောက်မြို့က လမ်းဘေးအမှိုက်ပုံးတွေထဲက စွန့်ပစ်ပစ္စည်းတွေကို နေ့စဉ်လိုက်ရှာနေသူဖြစ်ပါတယ်။
2024-11-26
အသက် ၁၇ နှစ်အရွယ် မတင်တင်ဝေဟာ ၁၃ နှစ်အရွယ်ကတည်းက ရော်ဘာစေးခြစ်တဲ့အလုပ်နဲ့ မိသားစု စားဝတ်နေရေးကို ကူညီနေတာ အခုဆို ဒီအလုပ်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။
2024-11-26
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-11-26
ထိုင်းနဲ့ မြန်မာကြား နယ်မြေအငြင်းပွားမှု ပြဿနာတွေရှိနေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်နယ်စပ်က “ဝ” တပ်ဖွဲ့ ရဲ့ ၁၇၁ စစ်ဒေသတပ်စခန်း ကိုးခုကို ပြန်ဆုတ်ပေးဖို့ ထိုင်းတော်ဝင် တပ်မတော်က အခုရက်ပိုင်းမှာ တောင်းဆိုလိုက်ပါတယ်။
2024-11-26
စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ ထူထောင်မဲ့အစီအစဉ်ဟာ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
2024-11-26
ကပ္ပလီပင်လယ်ပြင်က မြန်မာငါးဖမ်းလှေတစ်စင်းပေါ်မှာ မူးယစ်ဆေး ၅ ဒဿမ ၅ တန် ဖမ်းဆီးမိခဲ့တယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြောင်း The New India Express က ဒီနေ့ဖော်ပြပါတယ်။
2024-11-26
ကျွန်းလှမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ တစ်သောင်းကျော် နေရပ်မပြန်နိုင်သေးကြောင်း ပြောပါတယ်။
2024-11-26
တရားဝင်ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံအပါဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို ကာကွယ်စောင့်ရှောက်ပေးသွားမဲ့အကြောင်းလည်း ဦးကျော်ဇော်က ပြောပါတယ်။