သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-01
အာဏာသိမ်းစစ်ကောင်စီ အပါအဝင် စစ်တပ်ကဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးတာ၊ ညှိနှိုင်းတာတွေ ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်ခန့်အပ်ထားတာ တစ်ဦးတစ်ယောက်မျှ မရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက မေလ ၁ ရက်နေ့၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2022-05-01
ကိုးလအတွင်း သတ်ဖြတ်ခံထားရတဲ့ အလောင်း ၉၈ လောင်းမှာ အများစုက စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲခံရသူတွေ၊ အုပ်ချုပ်ရေးမှူးဆိုသူတွေနဲ့ စစ်ကောင်စီနဲ့ ဆက်နွှယ်နေသူတွေဖြစ်တယ်လို့ ရေဦးမြို့က လူမှုကူညီရေး လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။
2022-05-01
ရိုဟင်ဂျာအရေးလှုပ်ရှားသူ၊ လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာ ဝါကာအူဒင် ကွယ်လွန်ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ရက္ခိုင့်တပ်တော် AA တို့က ဝမ်းနည်းကြောင်း မေလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ကြပါတယ်။
2022-05-01
ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ပြီး အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရနိုင်ဖို့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ အလုပ်သမားအဖွဲ့အစည်းတွေက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။