သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-01
လာမယ့် စက်တင်ဘာလ ၈ ရက်နေ့ ကစပြီး ရွေးကောက်ပွဲအကြိုကာလ လုံခြုံရေးဆောင်ရွက်မှာဖြစ်တဲ့အတွက် နေပြည်တော် မြို့နယ် ၈ မြို့နယ်က ကာရာအိုကေဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ကို ည ၁၁ နာရီမှာ ပိတ်သိမ်းဖို့ ဒက္ခိဏသီရိခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းချွန်က ဆိုင်ပိုင်ရှင်တွေကို ဒီကနေ့ ခေါ် ယူတေ့ွဆုံပြီး သတိပေးလိုက်ပါတယ်။
2015-09-01
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး က မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ထုတ်ပြန်ပေးသွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
2015-09-01
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ၅ ရက်ဆက်တိုက် မိုးကြီးခဲ့တာကြောင့် ချင်းတွင်းမြစ်ရေတက်လာပြီး မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ခန္တီးမြို့နယ်က ကျေးရွာပေါင်း ၁၀၀ နီးပါးလောက် ရေ နစ်မြုပ်နေတယ်လို့ သိရပါတယ်။
2015-09-01
ကချင်ပြည်နယ် တနိုင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၂ ဦးနဲ့ ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီက ၁ ဦး စုစုပေါင်း ၃ ဦးရဲ့ မိသားစုဝင်တွေဟာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်တွေဖြစ်နေ တဲ့အတွက် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ပါတယ်။
2015-09-01
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။
2015-09-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နေပြည်တော်ကောင်စီနယ်မြေ- ဥတ္တရ သီရိ၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ မနေ့ က ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
2015-09-01
ရွေးကောက်ပွဲနေ့မှာ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေ ရန်ကုန်မြို့ ရွှေလီလမ်း က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။