သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-01
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ ၅ နှစ်အောက် ကလေး ငယ်တွေသေဆုံးမှုဟာ အာဆီယံနိုင်ငံတွေအကြား မှာ ဒုတိယ အများဆုံး ဖြစ်နေပြီး ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ သေဆုံးမှု အများ ဆုံးဖြစ်နေတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2016-10-01
ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေပြီး ကေအိုင်အေ ဌာန ချုပ်ဖြစ်တဲ့ လိုင်ဇာစခန်းဘက်ကို တပ်မတော်က စစ်ကူပို့လွှတ်နေတာတွေရှိသလို တနိုင်းမြို့နယ် အတွင်းမှာ ကေအိုင်အေအဖွဲ့က လုပ်ကိုင်နေ တဲ့ ရွှေတွင်းလုပ်ငန်းတွေရှိရာ ဒေသဘက်ကို ရိက္ခာပေးပို့နေတဲ့ အခြေခံစားသောက် ကုန်တင်ယာဉ်တွေ ကိုလည်း တပ်မတော်က တားဆီးစစ်ဆေးနေတာတွေ ရှိနေပါတယ်။
2016-10-01
ပုသိမ်တက္ကသိုလ်က အငယ်တန်းစာရေးမတစ်ယောက်ဟာ ကျောင်းအပ်ပေးမယ်ဆိုပြီး အဝေးသင်ကျောင်းသား ခန့်မှန်းခြေ အယောက် ၆၀ လောက် ဆီက ကျောင်းအပ်ခတွေရယူခဲ့ပေမယ့် တကယ်တမ်း ကျောင်းမအပ်ပေး ခဲ့ဘဲ ငွေကြေးလိမ်လည်သွားခဲ့ပါတယ်။
2016-10-01
မြန်မာနိုင်ငံက ပထမဆုံးအကြိမ် လက်ခံ ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံ ဖွင့်ပွဲနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2016-10-01
ရန်ကုန် တာမွေမြို့နယ်က "မဟာသန္တိသုခ" ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲခံနေရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးဟာ တာမွေမြို့နယ် တရားရုံးမှာ ဒီကနေ့ ၄၈ ကြိမ်မြောက် အမှုရင်ဆိုင်ခဲ့ပါတယ်။
2016-10-01
ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ယာယီဆိုင်းငံ့ခဲ့တာ ဒီကနေ့ဆိုရင် ငါးနှစ်ပြည့်ပြီ ဖြစ်ပါတယ်။
2016-10-01
တရားစီရင်ရေး လုပ်ငန်းတွေမှာ ဖိအားပေးမှုတွေ အဂတိလိုက်စားမှုတွေ ပပျောက်ပြီး၊ မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ပေါ်ဖို့အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့က အဖွဲ့ဝင်တွေ ရန်ကုန်တိုင်းဒေသ ကြီး တရားလွှတ်တော်ရှေ့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-10-01
ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ် ဇီကာဗိုင်းရပ်စ်ကြောင့် မိုက်ကရို ဆက်ဖလီ ခေါ် ဦးခေါင်းသေးငယ်တဲ့ ကလေး ၂ ဦးမွေးဖွားမှု ကို တွေ့ရှိ ခဲ့ကြောင်း ထိုင်း ကျန်းမာရေးအရာရှိတဦး က သောကြာနေ့ မနေ့က ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။