လပွတ္တာမှာ ၅ နှစ်အောက် ကလေး ၆ ဦးမှာ တစ်ဦးနှုန်း သေဆုံးနေ
2016.10.01
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ၅ နှစ်အောက် ကလေးငယ်တွေသေဆုံးမှုဟာ အာဆီယံနိုင်ငံတွေအကြားမှာ ဒုတိယ အများဆုံး ဖြစ်နေပြီး ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ သေဆုံးမှု အများဆုံးဖြစ်နေတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မွေးကင်းစနဲ့ ကလေးငယ်တွေ သေဆုံးမှုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား အချိန်အလုံအလောက်မခြားဘဲ နီးနီး ကပ်ကပ် ကိုယ်ဝန်ဆောင်တာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ကာ မိခင်သေဆုံးတာတွေ ပါဝင်ပြီး သားဆက်ခြားနည်း အသိပညာပေးဖို့တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ လက်ထောက် ဌာနေ ကိုယ်စားလှယ် ဒေါက်တာ ဒေါ်လှလှအေး က ပြောပါတယ်။
ဒေါက်တာ ဒေါ်လှလှအေး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။