သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-01
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ပျဉ်ထောင်ရွာထဲကို အောက်တိုဘာလ ၁ ရက် ဒီနေ့ မနက်မစောပိုင်း ၄ နာရီခွဲချိန်လောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးတာကြောင့် အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-01
လက်ရှိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ အခြေပြုပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က စစ်သင်တန်းတွေကို ခေတ္တရပ်နားပြီး စစ်မျက်နှာပြင် စတင်ဖွင့်တော့မယ်လို့ အောက်တိုဘာလ ၁ ရက် ဒီကနေ့မှာပဲ ကြေညာလိုက် ပါတယ်။
2021-10-01
စစ်တပ်က အာဏာသိမ်းလိုက်ပြီး ရှစ်လပြည့်တဲ့ အောက်တိုဘာလ ၁ ရက် ဒီနေ့ကစပြီး ပြည်ပကနေ တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းမှုကို စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ပိတ်လိုက်ပြီလို့ မော်တော်ကား အရောင်းအဝယ်ပြုလုပ်နေတွေက ပြောပါတယ်။