သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-01
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာက ကျေးရွာပိုင်တွေမှာ ရွှေတူးဖော်ရေးကုမ္ပဏီတွေက ဝင်ရောက်လုပ်ကိုင်နေတာကို ဖယ်ရှားပေးဖို့အတွက် ဒေသခံရွာသားတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2014-09-01
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းတလျှောက် နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေ စုစည်းပြီး ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။
2014-09-01
၂ဝ၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြီးခဲ့တဲ့ သြဂုတ်လ ၃ဝ ရက်၊ စနေနေ့က ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ သတင်းရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။
2014-09-01
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် အရင် က ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ပီနန်ဆရာတော် က နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ထံ ပေးပို့တဲ့စာကို သက်သေခံစာအဖြစ် လက်ခံစစ်ဆေးဖို့ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-09-01
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီလို့ ခေါ်တဲ့ UNFC အဖွဲ့မှာ ပါဝင်တော့မှာ မဟုတ်ဘဲ ကိုယ်စားလှယ်တွေ အားလုံးကို ရုပ်သိမ်းကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ တဲ့ UNFC ညီလာခံကို ဒီကနေ့ တရားဝင်စာပေးပို့ လိုက်ပါတယ်။
2014-09-01
အိန္ဒိယနိုင်ငံက ချေးငွေ အမေရိကန်ဒေါ် လာသန်း ၂ဝ နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်နဲ့ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေအထိ ကားလမ်းဖေါက် လုပ်သွားမယ်လို့ သိရပါတယ်။
2014-09-01
စစ်ကိုင်းမြို့မှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်၊ စစ်ကိုင်းနည်းပညာတက္ကသိုလ်နဲ့ သမ ဝါယမ တက္ကသိုလ်တွေရှေ့မှာ တက္ကသိုလ်ကျောင်း သား ၃၀ လောက်ဟာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-09-01
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတဲ့ အခြေအနေတွေကို မွန်ပြည်သစ် ပါတီက ဒီနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရှင်းပြ ခဲ့ပါတယ်။
2014-09-01
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေက မွတ်စလင်တွေကို မွတ်စလင်ကျေးရွာတွေမှာ ခွဲပြီး နေရာချထားပေးမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်ကို လက်မခံကြောင်း စစ်တွေမြို့ အခြေစိုက် သံဃာ့အဖွဲ့အစည်းတွေ၊ မြို့ခံလူကြီးတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြသွားမယ်လို့ သိရပါတယ်။
2014-09-01
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့က ဒုက္ခသည်စခန်းနှစ်ခုမှာရှိတဲ့ ဒုက္ခသည်တွေ ကို စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ မြန်မာအစိုးရက သဘောတူလိုက်ကြောင်း ဘင်္ဂလားဒ့ရှ် သတင်းမီဒီယာတွေ က ဖော်ပြကြပါတယ်။