သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-10
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ဇီးအိုကျေးရွာမှာ ဒေသခံတွေက နတ်ကြီးလို့ဆိုပြီး လုံးဝ တောမခုတ်ရဲ၊ မထိရဲတဲ့ အကျယ်အဝန်း ဧက ၄ဝ ရှိတဲ့ အင်ကြင်းတောနဲ့ နှစ်သက်တမ်း တစ်ထောင်ကျော်ရှိတဲ့ မန်ကျည်းပင်ကြီး အကြောင်းကို RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
2018-10-10
Eleven မီဒီယာ အယ်ဒီတာ သုံးဦးကို တာမွေမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဆီးဖို့ အင်္ဂါနေ့ မနေ့က ညဦးပိုင်းမှာ သွားရောက်ရှာဖွေခဲ့တာနဲ့ ပတ်သက်ပြီး Eleven မီဒီယာက အယ်ဒီတာ ဦးကိုဦး (သင်္ချာ)၊ မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ကိုမြင့်ကျော်နဲ့ တာမွေရဲစခန်း အရာရှိတဦးတို့ကို RFA အဖွဲ့သူ မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
2018-10-09
ရခိုင်ပြည်နယ်အတွင်း လူအုပ်စုနှစ်ခုကြား တင်းမာမှုတွေ ဖြေလျှော့ရေးမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ စုံစမ်းစစ်ဆေးဖို့ အဓိကကျတယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေး က ပြောပါတယ်။
2018-10-09
Eleven မီဒီယာ သတင်းထောက်သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုထားတယ်လို့ Eleven မီဒီယာအမှုဆောင် အယ်ဒီတာဦးကိုဦးက RFA ကို မနေ့က အတည်ပြု ပြောဆိုပါတယ်။
2018-10-09
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံခဲ့ရတဲ့ မိဘမဲ့ မြန်မာ ကလေးငယ် အယောက် ၅ဝ ကို သုံးလအတွင်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။
2018-10-09
မြန်မာအစိုးရဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိသလို၊ စုံစမ်းစစ်ဆေးဖို့ဆန္ဒလည်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။
2018-10-09
ရန်ကုန်တိုင်းဒေသကြီးရဲ့ သတ္တမအကြိမ်လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့ ဒီနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ဝေဖန်ထောက်ပြထားတဲ့ ကျောင်းကားဖယ်ရီကိစ္စကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ဖြေရှင်းတာ မရှိခဲ့တဲ့အတွက် ကိုယ်စားလှယ်တွေဘက်က ကျေနပ်မှုမရှိကြပါဘူး။
2018-10-09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပုပ္ပါးမှာကျင်းပမယ့် အခမ်းအနားကို အပစ်ရပ်အဖွဲ့တွေထံ အစိုးရက ဖိတ်စာပေးပို့ထားပြီး NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုတော့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ သိရပါတယ်။
2018-10-09
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး တရား ရင်ဆိုင်နေရတဲ့ ဒေသခံ ၈ ဦးရဲ့အမှုမှာ တရားနည်းလမ်းမကျတာတွေ ရှိနေတယ်လို့ ဥပဒေပြုသူတွေက ထောက်ပြနေကြပါတယ်။RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2018-10-09
ရန်ကုန်တိုင်းအစိုးရရဲ့ ဘဏ္ဍာငွေသုံးစွဲမှုတွေနဲ့ ပတ်သက်တဲ့ တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။
2018-10-09
■ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က… မြန်မာနိုင်ငံမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
2018-10-09
ထိုင်းမြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း (၃) က လက်နက်တွေကို ABSDF အဖွဲ့က ထုတ်ပယ်ခံထားရသူ ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ကိုခင်ကျော်နဲ့အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဝင်ရောက်သိမ်းယူသွားပါတယ်။
2018-10-09
Eleven မီဒီယာ သတင်းထောက်သုံးဦးကို တာမွေမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။
2018-10-09
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပုပ္ပါးမှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
2018-10-09
မီးသွေးကားတစီးကို စစ်ဆေးရာကနေ ဒုရဲအုပ်ရဲ့ ခြောက်လုံးပြူးသေနတ်ကျည် ထိမှန်ပြီး ယာဉ်မောင်းသေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒုရဲအုပ်ကို လူသေမှု ပုဒ်မ ၃၀၄ နဲ့ အမှုဖွင့် လိုက်ပါတယ်။