နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းစဉ်
2018.10.09
■ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က… မြန်မာနိုင်ငံမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံထဲ ဝင်လာဖို့အတွက်ဆိုရင် အစိုးရမှာ တိကျခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေ ရှိဖို့လိုအပ်တယ်လို့လည်း ပညာရှင်တချို့က ထောက်ပြနေကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။