သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-01
ရန်ကုန်တိုင်း အလုပ်သမား ဆန္ဒပြမှုတွေအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် တင်သွင်းထားတဲ့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က ပယ်ချလိုက်ပါတယ်။
2012-08-01
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ် လမ်းပေါ်မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား (၁၀) ဦးကို ပြန်ခန့်ပေးဖို့ အမျိုးသမီး အလုပ်သမား ၁၀၀ ကျော်လောက် မနေ့ညက စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
2012-08-01
တောင်သူ လယ်သမားတွေ လယ်ယာမြေ သိမ်းဆည်း ခံရမှုတွေအတွက် လွှတ်တော်က စုံစမ်း ဖော်ထုတ်ပေးမယ့် ကိစ္စကို ကြိုဆိုကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ ဥပဒေ ပညာရှင်တွေ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။