အလုပ်သမားဆန္ဒပြမှု စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့အဆို လွှတ်တော်က ပယ်ချ
2012.08.01

ပြည်သူ့လွှတ်တော်မှာ ဒီအဆိုကို ဆွေးနွေးကြပြီးနောက် မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။
"ဒီနေ့ ရန်ကုန်တိုင်းအလုပ်သမားရေးကိစ္စလေ၊ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကျွန်တော်တင်တာ၊ ကျွန်တော့်အဆိုကို NLD က မကွေးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ထောက်ခံတယ်။ နောက် NDF က အလုံလွှတ်တော် ကိုယ်စားလှယ် ကိုခိုင်မောင်ရည် ထောက်ခံတယ်။ နောက်စုံစမ်းရေး ကော်မတီ ဖွဲ့ဖို့ သဘောမတူတာက တောင်ဥက္ကလာပ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်း၊ နောက်အဲဒီလိုပဲ ဝန်ကြီး ကလည်း သဘောမတူဘူးပေါ့။ သဘောမတူတဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးပြီးတော့ မဲခွဲတဲ့အခါမှာ ကျွန်တော့် အဆိုကို ထောက်ခံတာက ၄၃ မဲ၊ ကန့်ကွက်တဲ့လူက ၂၈၈ မဲ၊ ကြားနေမဲ ၁၇ မဲနဲ့ ကျွန်တော့်အဆို အရေးနိမ့် သွားတယ်"
အလုပ်သမား ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ အနေနဲ့ ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ မလိုအပ်ကြောင်း ကန့်ကွက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆွေးနွေးကြရာမှာ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ မပါဝင်အောင် သတိပြု သုံးစွဲဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေး ပြောကြားကြောင်း သိရပါတယ်။
လွှတ်တော်မှာ NDF ပါတီ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "၈၈ မျိုးဆက် ကျောင်းသား သူငယ်ချင်းများ" လို့ သုံးနှုန်းခဲ့တဲ့ အတွက်လည်းကောင်း၊ ဦးသိန်းညွန့်က "ရှစ်လေးလုံး" လို့ သုံးနှုန်းခဲ့တာကြောင့် လည်းကောင်း အခုလို သတိပေး ပြောကြားတာ ဖြစ်ကြောင်း သိရပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကို မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |