သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-05
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၅ ဦးက တပ်မတော်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မပါဘဲ အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက်ဖမ်းဆီးနေတာတွေကြောင့် သူတို့ကိုအကာကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2019-06-04
မတူကွဲပြားတဲ့ဘာသာစကားတွေ သင်ကြားရေးနဲ့ တိုင်းရင်းသားဘာသာတွေကြား အဘိဓာန်တွေ ပြုစုထုတ်ဝေရေးဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးအပြင် တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမယ့်အကြောင်း သုံးသပ်တင်ပြထားပါတယ်။
2019-06-04
မြန်မာနိုင်ငံမှာ ဒီရေတော အစုအဖွဲ့ပိုင်သစ်တောကို အခြေခံပြီး ဒေသအခြေပြု ခရီးသွားလုပ်ငန်းဖြစ်လာအောင် ထားဝယ်မြို့ သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာဒေသခံတွေက ကြိုးပမ်းနေပါတယ်။
2019-06-04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ မြန်မာသံရုံး ဖွင့်လှစ်ခဲ့သလို ချက်စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီး ခရီးစဉ်ဟာ ဒီကနေ့ပြီးဆုံးခဲ့ပါပြီ။
2019-06-04
မြန်မာ့စီးပွားရေးအလားအလာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အကောင်းမြင်တာတွေ ရှိနေသလို၊ ချို့ယွင်းအားနည်းနေဆဲလို့ ယူဆတာတွေလည်းရှိပါတယ်။
2019-06-04
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာက ဘုန်းကြီးကျောင်းဝန်းအတွင်း မနေ့က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ ၆ ဦးရှိသွားပြီဖြစ်ပါတယ်။
2019-06-04
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းမှာ ပြေးဆွဲနေတဲ့ စက်လှေ နှစ်စီးကို ရက္ခိုင့်တပ်မတော် AA က မနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ဆန်အိတ် ၇၇ အိတ်ကို ယူဆောင်သွားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2019-06-04
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာအနီးမှာ မနေ့က ဗုံးသီးပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2019-06-04
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ကရင်ပြည်နယ်မှာ ရှိနေကြောင်း သံဃာ့မဟာနာယကက ဆုံးမသြဝါဒပေးဖို့ အကြောင်းကြားခေါ်မယ်ဆိုရင် ကရင်ပြည်နယ်ကနေ ပြန်လာ မှာဖြစ်ကြောင်း ဆရာတော်နဲ့ နီးစပ်သူ ပေါက်ကိုယ်တော်က RFA ကို အတည်ပြု မိန့်ကြားခဲ့ပါတယ်။
2019-06-03
နာဂ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ NSCN-K ခေါ် နာဂလဲန် အမျိုးသား ဆိုရှယ်လစ်ကောင်စီ ကက်ပလန်အဖွဲ့က အစိုးရစစ်တပ်နဲ့ NCA အပစ်ရပ်လက်မှတ် လုံးဝရေးထိုးမှာမဟုတ်ကြောင်း ပြောဆိုလိုက်တယ်လို့ News 18 အိန္ဒိယ သတင်းစာက ဖေါ်ပြပါတယ်။
2019-06-03
ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM နဲ့ ကော့ဆက်ဘဇားက မွတ်စလင်ဒုက္ခသည်တွေရဲ့ တွေ့ဆုံပွဲမှာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာက ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
2019-06-03
ချက်သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသစ်ကို မနက်ဖြန် ဇွန်လ ၄ ရက်နေ့မှာ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
2019-06-03
မြန်မာနိုင်ငံဟာ လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး နှစ်စဉ်လူပေါင်း ၂၂ဝဝဝ သေဆုံးနေတဲ့အတွက် လေထုညစ်ညမ်းမှုလျော့ကျအောင် အားလုံးပူးပေါင်း ပါဝင်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2019-06-03
Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုထားတဲ့အမှုမှာ တရားလိုပြသက်သေ ဆရာတော်ဦးဝီရသူ လာရောက်ထွက်ဆိုဖို့ တရားရုံးက ၂၄ ကြိမ်မြောက် ဆင့်ခေါ်ထားပေမယ့် ဒီကနေ့ ရုံးချိန်းမှာလည်း ဦးဝီရိသူ ရောက်ရှိလာတာ မရှိပါဘူး။
2019-06-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး မြန်မာဘက်က အသင့်ပြင်ဆင် ထားပြီးဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် အကောင် အထည်ဖော်ဖို့ နှောင့်နှေးနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။