သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-29
ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေး တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ရန်ကုန်မြို့မှာ ဇူလိုင်လ ၁ ရက် နေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
2016-06-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့တို့ ဒီကနေ့ နေပြည်တော်က The Horizon Lake View ဟိုတယ်မှာ တွေ့ဆုံ ခဲ့ပါတယ်။
2016-06-29
ပဋိပက္ခဖြစ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကိုယ်စားလှယ်တွေ ဒီကနေ့ သွားရောက် စုံစမ်းစစ်ဆေးခဲ့ပါတယ်။
2016-06-29
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန် -မန္တလေး မြို့ရှောင်လမ်းအတွက် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေနဲ့ သီးနှံတွေတွေ အတွက် လျော်ကြေးငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တောင်သူတွေကို ဇွန်လ ၂၈ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။
2016-06-29
ပြီးခဲ့တဲ့ အစိုးရလက်ထက်က သမ္မတစီမံကိန်း ဘတ်ဂျက်သိန်းပေါင်း တသောင်းခြောက်ထောင်နဲ့ တည်ဆောက်ခဲ့တဲ့ မကွေးတိုင်း မင်းဘူးမြို့ မြစ်ရေတင်စီမံကိန်းဟာ အခက်အခဲပေါင်း များစွာနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
2016-06-29
ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေရဲ့ဘဝမြှင့်တင်ရေး အတွက် ကယားပြည်နယ် လွိုင်ကော်မြို့မှာ အရပ်ဖက်လူမှု အဖွဲွ့အစည်းတွေ ဆွေေးနွး တခု ကျင်ပခဲ့ပါတယ်။
2016-06-29
ရန်ကုန်လို နေထိုင်စားသောက်မှု စားရိတ်ကြီးတဲ့မြို့ တမြို့မှာ အိမ်ငှားခ တလ ကျပ် သုံးသောင်း လေးသောင်းလောက်သာ တတ်နိုင်တဲ့ မိသားစုတွေအဖို့ ရပ်တည် နေထိုင်ရေးအတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းနေရသလဲဆိုတာကို RFA သတင်းထောက် ကိုအောင်သိင်္ခက ရိုက်ကူး တင်ပြထားပါတယ်။
2016-06-29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ငွေကျပ် သန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၈ သိန်းခန့်ကို ဖမ်းဆီးခဲ့ပါတယ်။
2016-06-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့Peace Process Steering Team တို့ ဒီကနေ့ နေပြည်တော်က The Horizon Lake View ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
2016-06-29
ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်နေ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင် ၅ ဦးစီ ပါဝင်တဲ့ တည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး အရင်လို နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက် က ပြောပါတယ်။
2016-06-29
အစိုးရက ခွင့်ပြုထားတာထက် ဟိုတယ်အခန်းပေါင်း တစ်ရာကျော် ဆောက်လုပ်ခဲ့တဲ့ ကျိုက်ထီးရိုးတောင်ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင် ရိုးရိုးလေးကုမ္ပဏီကို တစ်လအတွင်း အဲ့ဒီအခန်း တစ်ရာကျော် မဖျက်ရင် အရေးယူမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
2016-06-29
ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-06-29
ပြီးခဲ့တဲ့ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်ကို အလုပ်ရှင်များက ခွင့်ပြုချက်မပေးတဲ့ကြားက အလုပ်နားပြီး သွားရောက် ကြိုဆိုခဲ့ကြတဲ့ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း မြန်မာအလုပ်သမား ၅၀ ကျော် အလုပ်ထုတ်ခံရတဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ ပတ်သက်လို့ အလုပ်သမားကူညီ စောင့်ရှောက်ရေးကော်မတီ AAC က ကိုခိုင်ဦး ကို RFA အဖွဲ့သား ကိုရဲစည်သူ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-06-29
ကိုညီညီလွင် ခေါ် ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ ကို ထိုင်းနိုင်ငံဘက် တရားမဝင်နယ် စပ်ဖြတ်ကျော်ပုဒ်မနဲ့ ထောင်ချလို့ လွတ်ရက်စေ့ခါနီးမှာ ၂၀၁၂ ခုနှစ်ကစွဲထားတဲ့အမှု တွေရင်ဆိုင်ဖို့ မန္တလေးကနေ ရန်ကုန်အင်းစိန်ထောင်ကို ပို့လိုက်ပြီး၊ ဒီနေ့မနက်က ဗဟန်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2016-06-28
သတင်းမီဒီယာကောင်စီနဲ့ တိုင်းရင်းသားမီဒီယာ ၂၀ ကျော် ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် အဖြစ် ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကနေ တိုင်းရင်းသား မီဒီယာတွေဖွံ့ဖြိုးရေး ဆောင် ရွက်ပေးနိုင်မယ့် အချက်တွေကို သိရှိနိုင်ခဲ့တယ်လို့ သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော် က ပြောပါတယ်။