သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-30
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ သုံးရက်အတွင်း အချိန်အခါမဟုတ်ဘဲ မိုးထစ်ချုန်းရွာတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေ တာတွေ ဖြစ်နိင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒဦးစီး ဌာနက သတိပေးချက် ထုတ်ပြန်ကြေညာထားပါတယ်။
2017-03-30
၈၈ မျိုးဆက် ကျောင်းသားတွေပါဝင် မယ့် နိုင်ငံရေးပါတီတစ်ခုကို ၂၀၁၇ ခုနှစ် အကုန်မှာ မှတ်ပုံတင်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျ က ပြောပါတယ်။
2017-03-30
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ပြည်ထောင်ကိုးရွာမှာ ကယန်းအမျိုးသားနေ့ ကျင်းပခွင့် တောင်းခံတာကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လုံခြုံရေးအကြောင်းပြချက် နဲ့ တားမြစ်လိုက်ပါတယ်။
2017-03-30
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးရွာမှာ ကျင်းပခွင့်တောင်းခံထားတဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်မပြုဘဲ တားမြစ်လိုက် ပါတယ်။
2017-03-30
မတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနား မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ကချင်လူထုခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေး ကြတာဟာ အားရစရာကောင်းသလို ဘဝင်မကျစရာတွေလည်း ရှိတယ်လို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော် က သူ့ရဲ့ Facebook လူမှုရေးစာမျက်နှာမှာ ရေး သားခဲ့ပါတယ်။
2017-03-30
ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ နှစ်ရက်အလိုမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက မွန်ပြည်နယ် ချောင်းဆုံမြိုနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က အပြိုင်မဲဆွယ်စည်းရုံးနေကြပါတယ်။ RFA သတင်းထောက် ကျော်စိုးလင်း က တင်ပြထားပါတယ်။
2017-03-30
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ငွေကြေးသုံးစွဲမှု အခြေ အနေတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဖို့ အစီအစဉ်ရှိ မရှိ မန္တလေး တိုင်းဒေသကြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်လှိုင် က ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2017-03-30
နေပြည်တော်မှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေကို စည်ပင်ပိုင်မြေအဖြစ် ပြန်လည်သိမ်းယူခဲ့ရာမှာ နစ်နာခဲ့တဲ့ တောင်သူတွေအတွက် ထောက်ပံ့ကြေး ကျပ်သိန်း ၉၄ဝဝ ကျော်ကို နေပြည်တော် စည်ပင်က တောင်သူတွေကို မတ်လ (၂၉) ရက်နေ့ ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။
2017-03-30
ဒီနှစ် ရန်ကုန်သြင်္ကန်မှာ လုံခြုံရေး အစီအစဉ်တွေ ကြိုတင်ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရုံးမှာ ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဦးဆောင်ပြီး အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။
2017-03-30
ရခိုင်ပြည်နယ်မှာ အချိန်အတော်ကြာရပ်နားထားခဲ့ရတဲ့ အစိုးရရဲ့ ခရီးသည်တင်ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် ဂျပန်နိုင်ငံက ခရီးသည်တင် သီးသန့်အမြန်ရေယာဉ် တစ်စီးကို ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။ RFA သတင်းထောက် သန့်ဇင်ဦး က တင်ပြထားပါတယ်။
2017-03-30
ကုမ္ပဏီပိုင်မရှိသူတွေနဲ့ ရေမဆေးကျောက်ရှာသူတွေ ဟာ ကျောက်စိမ်းတွေကို တနေရာကတနေရာ သယ် ဆောင်ခွင့်မရှိတဲ့အတွက် သူတို့ရထားတာတွေကို ကျောက်မျက်ရတနာကုမ္ပဏီတွေက အခယူပြီး သယ် ပေးနေပါတယ်။
2017-03-30
ကယားပြည်နယ် ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်တို့ မှာ တရားမဝင်သစ်ခိုးထုတ်တဲ့ ယာဉ်တွေ ကို ငွေကြေး ရယူပြီး ဖြတ်သန်းခွင့်ပေးခဲ့တဲ့ သစ်တောအရာရှိ ၉ ဦး ကို ရာထူးကနေ ထုတ်ပယ်ပြီး အရေးယူလိုက်ပါတယ်။
2017-03-30
NLD အစိုးရသက်တမ်းတစ်နှစ်ပြည့် စီးပွားရေး စွမ်းဆောင်နိုင်ခဲ့မှုအပေါ် သုံးသပ်ချက်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ စီးပွားရေး အလားအလာအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-03-30
နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂၈ ရက်နေက ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကချင်လူထုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြတာနဲ့ ပတ်သက်ပြီး KIO ကချင်လွတ်လပ်ရေးအဖွဲ့က ဒုဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော် က အားရစရာ ကောင်းကြောင်း သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ တွေ့ဆုံပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့မှတ်ချက်ရေးသားခဲ့ပြီး ဘဝင်မကျမှုတွေလည်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
2017-03-29
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာမှာ လုံခြုံရေးတပ်ဖွဲ့တွေ က ဒေသခံတွေကို မတ်လ ၂၄ ရက်နေ့က ရာဘာကျည်ဆံသုံးပစ်ခတ်ခဲ့မှုအတွက် ရန်ကုန်တိုင်း ကမာ ရွတ်မြို့နယ်မှာ မတ်လ ၂၈ ရက် ညနေက ကန့်ကွက် ဆန္ဒပြ သူ ၄ ဦးကို ခွင့်ပြုချက်မဲ့ စုဝေးမှု ပုဒ်မ ၁၉ နဲ့ သက်ဆိုင်ရာက အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။