သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-27
တရားရုံးကို သပိတ်မှောက်ထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာမှာ စည်းကမ်းသတ်မှတ်ချက်တွေ ထပ်တိုးသတ်မှတ်ပြီး လုံခြုံရေးပိုင်းကိုလည်း တင်းတင်းကြပ်ကြပ် ချထားပါတယ်။
2018-02-27
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2018-02-27
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးကျေးရွာမှာ မနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူဦးရေ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
2018-02-27
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့မှာ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး အတွက် ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြီး လူဦးရေ ၁၀၀ ဝန်းကျင်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2018-02-27
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာက အခန်းတွေကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်ပါမှ ဝယ်ယူခွင့်ပြုမယ်ဆိုတဲ့ တိုင်းအစိုးရအဖွဲ့ရဲ့ သတ်မှတ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။
2018-02-26
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေ အရင်ကထက် ပိုပြီးလိုအပ်နေပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နေပြည်တော်မှာ ၂ဝ၁၈ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲ" မှာ ပြောလိုက်ပါတယ်။
2018-02-26
ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် အမျိုးသမီးတွေဖြစ်တဲ့ ယီမင်နိုင်ငံက တာဝပ်ကိုကာမန်၊ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံက မာရီယာ့ မဂွိုင်ယာနဲ့၊ အီရန်နိုင်ငံက ရှီရင်အက်ဘာဒီတို့ သုံးဦးဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့ကြပါတယ်။
2018-02-26
"၂ဝ၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်း" ပါ ပုဒ်မ ၂၅ ဟာ စီးပွားရေး တိုးတက်မှုအတွက် အထောက်အကူပြုစေနိုင်တယ်ဆိုပြီး ထောက်ခံသူတွေ ရှိသလို၊ ဒီဥပဒေပုဒ်မကို အသုံးချပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်အရောင်းအဝယ်ကနေ ရတဲ့ ငွေမည်းတွေကို ငွေကြေးခဝါချနိုင်မယ့် ဥပဒေအဖြစ် ဝေဖန်သူတွေလည်း ရှိနေပါတယ်။
2018-02-26
ငလျင် ပြတ်ရွေ့ကြော အတော်များများရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ငလျင်တွေ မကြာခဏ လှုပ်ခတ်ခဲ့ပါတယ်။
2018-02-26
ရှမ်းပြည်မြောက်ပိုင်းက ကမ္ဘာကျော် ဂုတ်တွင်း ကားလမ်းမကြီးဟာ ယာဉ်တွေ အသွားအလာများပြီး ယာဉ်ကြောပိတ်ဆို့တဲ့အတွက် ကုန်စည်စီးဆင်းမှု ရပ်တန့်တာတွေ မကြာခဏ ကြုံနေရပါတယ်။
2018-02-26
အစိုးရက ပညာရေးအသုံးစရိတ် တိုးမြင့်ပေးလိုက်ပေမယ့် အဲဒီထက်ပိုပြီး တိုးပေးဖို့ ကျောင်းသားတွေက ဆန္ဒပြ တောင်းဆိုတာတွေ ရှိနေပါတယ်။
2018-02-26
အခုရက်ပိုင်းမှာ လားရှိုး၊ စစ်တွေနဲ့ မူဆယ်မြို့တို့မှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာဟာ စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ ရော၊ ပြည်တွင်းနိုင်ငံရေးသမားတွေကပါ သုံးသပ်ကြပါတယ်။
2018-02-26
လာမယ့်မတ်လအတွင်း ဖြေဆိုရမယ့် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကနေ ဝင်ရောက်ဖြေဆိုမယ့် ကမန်လူမျိုး ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခုံနံပါတ်နဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ရာမှာ ဘင်္ဂါလီလူမျိုးလို့ ဖော်ပြထားပြီး သီးသန့်ခွဲခြားဖြေဆိုဖို့ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ထားကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်က ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-02-26
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၁ ခုက ပူးတွဲကြေညာလိုက်ပါတယ်။
2018-02-26
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC စတင်ဖွဲ့စည်းချိန်က ပါဝင်ခဲ့တဲ့ KNO ကချင်အမျိုးသားအစည်းအရုံးနဲ့ ယာယီအဖွဲ့ဝင်အဖြစ်က ရပ်နားထားတဲ့ CNF ချင်းအမျိုးသား တပ်ဦးတို့ကို လာမယ့်အရေးပေါ်ညီလာခံမှာ ပါဝင်တက်ရောက်ဖို့ မနေ့ကပြီးစီးသွားတဲ့ UNFC စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။