သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-12
မြန်မာနိုင်ငံမှာ မျိုးစောင့် ဥပဒေမူကြမ်းနဲ့ သားသမီးမွေးဖွားမှု ထိမ်းချုပ်ရေး ဥပဒေကြမ်း တို့ကိုရေးဆွဲနေတာနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်မှုတွေအကြောင်းကို အခြေခံဆွေးနွေးထားပြီး၊ ဧည့်သည်တော်တွေအဖြစ် NCGUB ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေနဲ့ မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့်တို့ ပါဝင်ဆွေးနွေးထားပါတယ်။
2014-05-11
၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးရဲ့ အစီအစဉ်တစ်ခုအဖြစ် အာဆီယံလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ ကို နေပြည်တော်မှာ မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2014-05-11
ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း နဲ့ အောင်ဇေယျလမ်းထောင့်က သမဝါယမ ဌာနပိုင်မြေပေါ်မှာ အဆင့်မြင့် ကွန်ဒိုတိုက် ခန်းဆောက်လုပ်နေတာကို ကန့်ကွက်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဒီကနေ့ အဲ့ဒီနေရာမှာ တစ်ကိုယ်တော် ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။
2014-05-11
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်း ထားတဲ့ ပုဒ်မတော်တော်များများဟာ တပ်မတော်ကို အကာအကွယ်ပေးထားတဲ့ ပုဒ်မတွေဖြစ်တာကြောင့် ဖွဲ့စည်းပုံပါ ပုဒ်မ ၃ ခုကို ပြင် ဆင်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ရာနဲ့ချီတဲ့ ဒေသ ခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-05-11
တစ်နိုင်ငံလုံးက စက်မှုဇုန်တွေမှာ အလုပ် သမားတွေ ရင်ဆိုင်နေရတဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်နဲ့ စက်မှုဇုန် အတော်များများက အလုပ်သမားတွေစုပေါင်းပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-05-11
မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေစဉ်အတွင်းမှာ ဒေသ တွင်း ရွှေ့ပြောင်း အလုပ်သမားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ သဘောတူစာချုပ် အပြီးသတ်ရေးဆွဲနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်မယ့် အစီ အစဉ်ကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2014-05-10
ဒေါ်အောင်ဆန်းစုကြည်ထူထောင်ထားတဲ့ ဒေါ်ခင်ကြည်ရံပုံငွေအဖွဲ့ရဲ့ အလှူငွေနဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက တိမ်ကောနေတဲ့ရေကန်တွေကို ပြန်လည်တူးဖေါ်နေရာမှာ ရေကန်တချို့ပြီးစီးနေပြီလို့သိရပါတယ်။ အဲဒီရေကန်တွေတူးဖေါ်ရေးအတွက် ကမကထပြုဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေအောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
2014-05-10
ကချင်ပြည်နယ်အတွင်း KIA တပ်မဟာ(၁)၊ တပ်ရင်း (၄) က မြစ်ဆုံအနီး နေထိုင်သူ အရပ်သား ၃၂ ဦးကို မေလ ၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို အကြောင်းကြားတယ်လို့ သိရပါတယ်။
2014-05-10
ပည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေကို လိုက်လံဝေငှခဲ့တဲ့ ဒီမိုကရေစီစဉ်ဆက် မပြတ်လှုပ်ရှားရေးအဖွဲ့ MDCF က ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်းတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်
2014-05-10
မြန်မာနိုင်ငံက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၄ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးရဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို ဒီနေ့ နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာမှာ စတင် ကျင်းပနေပါတယ်။
2014-05-10
ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေ နဲ့ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် ရရှိရေးကိစ္စဟာ နိုင်ငံသားဖြစ်ခွင့်အပေါ်မှာ မူတည်ပြီး နိုင်ငံ သား အခွင့်အရေးရရှိဖို့အတွက် ဥပဒေကို လေးစားလိုက်နာ ဖို့ လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက မနေ့က ပြောဆိုလိုက်ပါတယ်။
2014-05-10
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီ (၆၅) ပါတီတို့ ရန်ကုန်မြို့က Sky Star ဟိုတယ်မှာ မေလ (၁၅) ရက် ကြာသာပတေးနေ့မှာ တွေ့ဆုံဖို့ ရှိတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က RFA ကိုပြောပါတယ်၊
2014-05-10
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်နိုင်ဖို့ အတွက် တပ်မတော်သားတွေကပါ ပူးပေါင်းပါဝင် ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြော ကြားလိုက်ပါတယ်။
2014-05-10
မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုကာကွယ်တဲ့ ဥပဒေတွေ ပေါ်ပေါက်လာရေးအတွက်- ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က ရန်ကုန်မြို့မှာ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတခု ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထား ပါတယ်။
2014-05-10
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက အသုံးမပြုဖြစ်တဲ့ မြေနေရာတချို့ကို မှုလပိုင်ရှင်တွေဆီကို လာမယ့်ဇွန်လမှာ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။