မြန်မာနိုင်ငံက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး အိမ်ရှင် အဖြစ်လက်ခံကျင်းပနေတဲ့ ၂၄ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကို ဒီနေ့ နေပြည်တော် မြန်မာ ကွန်ဗန်းရှင်းစင်တာမှာ စတင်ကျင်းပနေပါတယ်။
ဒီအစည်းအဝေးမှာ ၂၀၁၅ခုနှစ်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ တစ်ခုတည်းသော စီးပွားရေး ဈေး ကွက်ဖြစ်လာဖို့ ဦးတည်ချက်ထားပြီး မြန်မာနိုင် ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တခြား အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ၁၇ နှစ်ကြာ ပြီးနောက် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် အခုလို ထိပ်သီးညီလာခံကို ပထမဆုံးအကြိမ် လက်ခံကျင်းပ မှာလည်း ဖြစ်ပါတယ်။
ဒီနေ့အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပိုင်နက် အငြင်းပွားမှု ကိစ္စနဲ့ ပတ်သက်လို့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ အာဆီယံအနေနဲ့ သဘောထားရှိတယ် လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
ဒီကနေ့ ညနေပိုင်းမှာတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာရောက်ရှိနေကြပြီဖြစ်တဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံအကြီးအကဲတွေကို ညစာစားပွဲနဲ့ တည့်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ မနက်ဖြန်မနက်စတင် မယ့် ၂၄ ကြိမ်မြောက် ထိပ်သီး ညီလာခံမှာ တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှုပြဿနာနဲ့ ထိုင်းနိုင်ငံရေး ပြဿ နာတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားကြောင်း အာဆီယံခေါင်းဆောင်တချို့က ပြောပါတယ်။