သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-18
မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ ရှုမြင်ပုံနဲ့ ပတ်သက်ပြီး သုတေသနစာတမ်းတစောင်ကို အာရှဖောင်ဒေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီအရင်ခံစာနဲ့ပတ်သက်ပြီး ကရင်အမျိုးသမီးအဖွဲ့က နော်လှလှစိုး၊ Yangon Heritage ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး၊ ၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီးတို့က ဆွေးနွေးခဲ့ကြပါတယ်။
2014-12-18
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ယာယီအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၇) ဦးနဲ့ မနေ့က ဖွဲ့စည်းလိုက်ပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-12-17
ဂျပန်နိုင်ငံက ကမ္ဘာကျော် Mitsui ကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချဖ့ိုအတွက် MPPL မြန်မာ့ စွမ်းအင် ကုမ္ပဏီလီမိတက်ရဲ့ အစုရှယ်ယာ ၄၄ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ကုမ္ပဏီက မနေ့က ကြေညာလိုက် ပါတယ်။
2014-12-17
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့သိရပါတယ်။
2014-12-17
မှုခင်းတွေကို မှန်မှန်နဲ့မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးအပါအဝင် တရားရုံးတွေရဲ့ ဝန်ဆောင်မှုတွေ ကို မြှင့်တင်နိုင်ဖို့အတွက် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ပြည်ထောင်စုတရား လွှတ်တော် ချုပ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2014-12-17
မနေ့ကကျင်းပခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် စတုတ္ထတန်းစာမေးပွဲ မြန်မာစာမေးခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့အစား ဖေဖော်ဝါရီ ၁၅ ရက်လို့ မှားယွင်းဖော်ပြခဲ့ ပါတယ်။
2014-12-17
ဓာတုဆေးဝါးပါတဲ့ အစားအသောက်တွေ ကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဝန်ထမ်းအင်အား မလုံလောက်တဲ့ အတွက် ပြည်သူတစ်ဦးချင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်း သိန်းဌေးက ပြောကြားလိုက်ပါတယ်။
2014-12-17
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ဦးထင်လင်းဦးကို သာသနာ ညှိုးနွမ်းစေ မှုနဲ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့ရာ တရားသူကြီးက အာမခံမပေးဘဲ ပယ်ချ လိုက်ပြီး မုံရွာအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
2014-12-17
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှာ ဆွေးနွေးကြတဲ့အခါ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေအပြင် လိုင်ဇာမြို့က သင်တန်းကျောင်းထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
2014-12-17
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့သစ်စီမံကိန်းမှာ ကုမ္ပဏီတစ်ခု က ခြံစည်းရိုးခတ်လိုက်တာကို လယ်သမားတွေက ဖျက်ဆီးလိုက်တဲ့အတွက် နှစ်ဖက် တင်းမာမှုတွေ ဖြစ်နေပါတယ်။
2014-12-17
လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် မြန်မာနိုင်ငံသားတွေ ဘယ်လိုရှုမြင်ကြသလဲဆိုတဲ့ သုတေသနသုံးသပ်ချက် စာတမ်းတစ်စောင်ကို အာရှဖောင်ဒေးရှင်း Asia Foundation က ထုတ်ပြန်လိုက်ပါတယ်။
2014-12-17
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် တွေ၊ ရုပ်ရှင်နဲ့ ဂီတအစည်းအရုံးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲပြင်ဆင်ရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ပါတယ်။
2014-12-17
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းသုံးဦးဟာ မနေ့က ရန်ကုန် ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2014-12-17
မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအတွင်း သဟဇာတဖြစ်အောင်နေ ထိုင်ရေးဆိုတဲ့ ဆွေးနွေးပွဲကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မှာ ဒီဇင်ဘာလ(၁၅)ရက် မနေ့က စတင် ကျင်းပနေပါတယ်။
2014-12-17
ဒီဇင်ဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ “နှစ် ၄ဝ ပြည့် ရခိုင်ပြည်နယ်နေ့” အခမ်းအနားကို စစ်တွေမြို့ ဝေသယလီ အားကစားကွင်းမှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။