သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-17
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အာဏာသိမ်းမှုကို တော်လှန်အင်အားစုတွေက တူမီးလို ရရာလက်နက်တွေနဲ့ ဆန့်ကျင်ခဲ့ကြရာကနေ အခုဆိုရင် ဒရုန်းလို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်တဲ့အဆင့်ကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။
2022-09-17
စက်တင်ဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဆွေးနွေးပြောဆိုချက်တွေကို သတင်းမီဒီယာတွေကို မထုတ်ပြန်ပေမယ့်၊ ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အိုင်ယာလန်နိုင်ငံ ကုလသမဂ္ဂသံအမတ်ကတော့ ဒီအစည်းအဝေးကို တံခါးပိတ်ကျင်းပရတာအတွက် နောင်တရမိတယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။
2022-09-16
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တင်ဆောင်လာတဲ့ စစ်ရေယာဉ်တစ်စီးကို စက်တင်ဘာလ ၁၆ ရက် ဒီနေ့ မွန်းလွဲတစ်နာရီလောက်က ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2022-09-16
၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၁၉၀ ကျော် တိုက်ခိုက်ခံခဲ့ရတယ်လို့ “ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့” (GCPEA) က စက်တင်ဘာ ၉ ရက်နေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2022-09-16
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဇော်မျိုးဝင်း (ခေါ်) ဦးကိုကြီးနဲ့ ရန်ကုန်တိုင်း တွံတေးမြို့နယ်က NLD ပါတီထောက်ခံသူ အသက် ၄၄ နှစ်အရွယ် ဒေါ်ခင်မျိုးနွယ်ကို စစ်ကောင်စီက ဖမ်းဆီးပြီး မကြာခင်မှာပဲ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2022-09-16
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဩဂုတ်လကုန်အထိ ၁၉ လအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၂၂၄ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Southern Monitor အဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-09-16
ဒဂုံတက္ကသိုလ် စိတ်ပညာအထူးပြု ဒုတိယနှစ်ကျောင်းသား ကိုထူးဝေလွင်ကို စက်တင်ဘာလ ၁၆ ရက် ဒီနေ့မနက် ၁၀ နာရီမှာ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ Future The Dagon က ထုတ်ပြန်ပါတယ်။
2022-09-16
ရခိုင်ပြည်နယ်က မြို့နယ်ခြောက်ခုမှာ ကုလသမဂ္ဂအပါအဝင် INGO၊ NGO ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း တွေရဲ့ လူသားချင်းစာနာမှုထောက်ပံ့ရေးအတွက် သွားလာခွင့်ကို စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက် မနေ့ကစလို့ ပိတ်ပင်တားမြစ်လိုက်တယ်လို့ အဲဒီအဖွဲ့အစည်းတွေက RFA ကို ပြောပါတယ်။
2022-09-16
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ နယ်စပ်ကနေ တရုတ်ကိုကုန်တင်ပို့နေတဲ့ ကုန်သည်တွေအနေနဲ့ မေလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး ပို့ကုန်ရငွေကို ဒေါ်လာနဲ့သာ ပြန်သွင်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ တရုတ်ကို ကုန်တင်ပို့ရာမှာ အရင်အတိုင်း ယွမ် - ကျပ်စနစ်နဲ့ပဲ တရုတ်ကုန်သည်တွေဆီ ရောင်းခဲ့တာဖြစ်ပြီး ဘဏ်စနစ်နဲ့ ဆောင်ရွက်ခဲ့တာလည်း မဟုတ်လို့ ဒေါ်လာနဲ့ပြန်သွင်းရမယ်ဆိုရင် အဆင်မပြေနိုင်ဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
2022-09-16
အရှေ့တီမောနိုင်ငံ ဒီလီမြို့တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနဲ့ တီမောနိုင်ငံက သတင်းမီဒီယာ စိမ်ခေါ်မှုများဆိုတဲ့ ဒီလီဆွေးနွေးပွဲဖိုရမ် ၂၀၂၂ မှာ၊ မြန်မာပြည်က စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီ ကိုယ်စားလှယ်ရဲ့ ဆွေးနွေးတင်ပြချက်တွေဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ တီမောမီဒီယာကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2022-09-16
Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် ကိုရဲမွန်ဟာ ရန်ကုန်မြို့မှာ သူ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးခံရချိန် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း Frontier Myanmar က စက်တင်ဘာ ၁၆ ရက် ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။
2022-09-16
ကယားပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မွေတော်ဘုရား ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက် ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးနှစ်ဦး အပါအဝင် စုစုပေါင်း လူ လေးဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-16
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကနေ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ သွားရောက်သူတွေရဲ့ ကားတစ်စီး မြောက်ဦးမြို့နယ်အဝင် ခမရ (၅၄၀) စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၁၆ ရက် ဒီနေ့မနက် ၉ နာရီက ပစ်ခတ်ခံခဲ့ရတယ်လို့ ပစ်ခတ်ခံရတဲ့ကားမှာ လိုက်ပါလာတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။
2022-09-16
ဧရာဝတီတိုင်း၊ အိမ်မဲမြို့ လျှပ်စစ်ရုံးဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် နှစ်ဦး အပါအဝင် ဒေသခံ သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ အိမ်မဲမြို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2022-09-16
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ရခိုင်လူမျိုး ခုနစ်ဦးကို စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဇီးချိုင်ကျေးရွာဒေသခံတွေက RFA ကို စက်တင်ဘာ ၁၅ ရက် မနေ့ညပိုင်းက ပြောပါတယ်။