သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-19
အာဏာသိမ်းစစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သူဖြစ်တာကြောင့် တကယ်လို့ မြန်မာနိုင်ငံ ကနေ သူထွက်ခွာရင် နိုင်ငံတကာတရားစီရင်ခွင့်အရ သူ့ကို ဖမ်းဆီးသင့်တယ်လို့ Global Center for R2P အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Adams က သူ့ရဲ့ Twitter လူမှုကွန်ရက်မှာ မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။
2021-04-19
ရန်ကုန်မြို့မှာနေထိုင်တဲ့ ဂျပန်အလွတ်သတင်းထောက် Yuki Kitazumi ဟာ မနေ့ကညပိုင်းမှာ စစ်ကောင်စီလက်နက်ကိုင်တွေက သူ့ရဲ့အိမ်ကိုလာပြီး ဖမ်းသွားတာကို ခံခဲ့ရတဲ့အကြောင်း ဂျပန်နိုင်ငံပိုင် NHK သတင်းဌာနက မနေ့ကညပိုင်းမှာပဲ ထုတ်လွှင့်ခဲ့ပါတယ်။
2021-04-19
မြန်မာနိုင်ငံက အကျပ်အတည်းအကြောင်း ဆွေးနွေးကြမယ့် အင်ဒိုနီးရှားနိုင်ငံက အာစီယံထိပ်သီး ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က တက်ရောက်ပြီး ပါဝင်ဆွေးနွေးခွင့်ပြုဖို့ အာစီယံခေါင်းဆောင်တွေကို NUG က မနေ့တုန်းကပဲ တိုက်တွန်းလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-04-18
စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဖားကန့်မြို့နယ် တာမခန်မြို့သစ်နှင့် ဟွေဆိုင်းကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ကျေးရွာတွေမှာ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။
2021-04-18
မန္တလေးတိုင်း မြင်းခြံမြို့ နာရီစင် အနီး ဗိုလ်ချုပ်လမ်းမပေါ်က KBZ ကမ္ဘောဇဘဏ် မှာ ဒီနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
2021-04-18
မြန်မာနိုင်ငံတဝှမ်းမှာ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရကို ထောက်ခံဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို မန္တလေးတိုင်း မြင်းခြံမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိခဲ့ပါတယ်။
2021-04-18
ရှစ်လေးလုံးအရေးတော်ပုံကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးရတဲ့ သမိုင်းတစ်ပတ်ပြန်လည်အောင် အာဏာသိမ်း စစ်ကောင်စီက ၂၀၂၁ မှာ ဖန်တီးလိုက်ပြန်ပါတယ်။ သမိုင်းတစ်ပတ် ပြန်လည် ပေမယ့် ၈၈ လို အိမ်နီးချင်းနိုင်ငံတွေကို အားကိုးလို့ ရ၊ မရ စောင့်ကြည့်ရမယ့် အနေအထားမှာရှိနေပါတယ်။
2021-04-17
အခုဆိုရင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြ လှုပ်ရှားသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သေဆုံးသူ အရပ်သား ပြည်သူ ၇၀၀ကျော် ရှိသွားပါပြီ။
2021-04-17
ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတရက်နေ့ ဖားကန့်မြို့နယ်မှာ ရွာ လေးရွာစုပေါင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။
2021-04-17
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းက ကာဒူဘူတာနဲ့ မော်ဟန်ဘူတာ ကြားမှာရှိတဲ့ အမှတ် (၅၅၅) တံတားတစ်စင်း ဒီနေ့မနက် ၆ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2021-04-17
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၂ဝဝဝ ကျော် ရှိနေပါပြီ။ ဒီဒုက္ခသည်တွေအတွက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲဖြစ်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2021-04-17
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအနီးမှာရှိတဲ့ တပ်မတော်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်စခန်းထဲကို ဒီနေ့မနက် ၈ နာရီခွဲ လောက်က လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခံခဲ့ရတယ်လို့ အနီးမှာရှိတဲ့ ဒေသခံတွေက RFA ပြောပါတယ်။
2021-04-17
ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ဘာကြောင့် မခန့်အပ်ခဲ့တာလဲ၊ နိုင်ငံတကာမှာ ထောက်ခံမှုရအောင်ဘယ်လို ဆောင်ရွက်နေလဲ၊ ပြည်တွင်း၊ ပြည်ပ မြန်မာတိုင်းရင်းသားတွေ မျှော်လင့်နေတဲ့အပေါ် ဘယ်လိုသတင်းစကားပေးချင်လဲ ဆိုတာဆွေးနွေးထားပါတယ်။
2021-04-17
ဒီနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတဝန်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်ခဲ့ပြီး ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်း မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ရန်ကုန်မှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကနေ မနေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံဆန္ဒပြသူတွေထဲက နှစ်ဦး ဒီကနေ့ ဖမ်းဆီးခံခဲ့ရပါတယ်။