သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-17
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်၊ နတ်တလင်းနဲ့ ပန်းတောင်းမြို့နယ်တွေမှာ မနေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၆၀၀ ကျော် အမိုးလန်ပျက်စီးပြီး ၃၆ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ ပြည်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။
2018-04-17
ပြည်ထောင်စုအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အံမဝင်ခွင်မကျသူတွေကို အရည်အသွေးရှိသူတွေနဲ့ လူစားလဲတာတွေ လုပ်သင့်ရင် လုပ်ဆောင်ရမယ်လို့ သမ္မတ ဦးဝင်းမြင့် က ဒီနေ့ ပြောလိုက် ပါတယ်။
2018-04-17
နိုင်ငံရေးအကျဉ်းသား ၃၆ ဦးအပါအဝင် အကျဉ်းသူ အကျဉ်းသား ၈၅၄၁ ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
2018-04-17
တပါတီလက်အောက်ကျရောက်ချိန်မှာ အာဆီယံအဖွဲ့ဝင်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်ဆက်ဆံရေး၊ ဗီယက်နမ်ရုန်းကန်ရတဲ့ သမိုင်းကြောင်း တစေ့တဇောင်းနဲ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-04-17
သမဂ္ဂကျောင်းသားတွေ စုစည်းထားတဲ့ “ဟိုထိုးသည်ထိုး ရွှေလက်ညှိုး” သံချပ်အဖွဲ့ဟာ မန္တလေးမြို့မှာ ဧပြီလ ၁၆ ရက် သြင်္ကန်အတက်နေ့က ဖျော်ဖြေခဲ့ပါတယ်။
2018-04-17
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆတ်ရိုးကျစက်မှုရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ မြေယာပြဿနာကို ပြည်နယ်အစိုးရက ဒီနေ့အချိန်အထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။
2018-04-17
ရန်ကုန်မြို့က နောက်ဖေးလမ်းကြားတွေ သန့်ရှင်းဖို့အတွက် စည်ပင်သာယာရေးကော်မတီက စီမံချက်နဲ့ ဆောင်ရွက်နေပေမယ့်၊ အထပ်မြင့်အဆောက်အဦးတွေရဲ့ နောက်ဖေးလမ်းကြားတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ ရှိနေဆဲပဲဖြစ်ပါတယ်။
2018-04-17
သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က ပြီးခဲ့တဲ့မတ်လ ၃ဝ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲပြောင်းရယူခဲ့ပါတယ်။
2018-04-17
နေပြည်တော်ကောင်စီနယ်မြေအတွင်းက လမ်း တံတားနဲ့ လျှပ်စစ်မီးတွေ ဘယ်လိုဆောင်ရွက်နေလဲ ဆိုတာနဲ့ ပတ်သက်လို့ စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-04-17
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီနှစ်သြင်္ကန်အတွင်း မတော်တဆမှုတွေကြောင့် ဆေးရုံရောက်လာသူတွေဟာ အရင်နှစ်ထက်ပိုများတယ်လို့ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းက ပြောပါတယ်။
2018-04-17
သြင်္ကန်အတက်နေ့မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်း စင်ပေါ်ဖျော်ဖြေတင်ဆက်မှုတွေ ရုပ်သိမ်းခံရပြီး မြေဝိုင်းဖျော်ဖြေမှုတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက တားမြစ်တာတွေရှိခဲ့ပါတယ်။
2018-04-16
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို သွားပြီး သာသနာပြုလုပ်ငန်းလုပ်တဲ့အတွက် ထောင် ၇ နှစ် ပြစ် ဒဏ်စီရင်ခံရသူ ခရစ်ယာန်ဘုန်းတော်ကြီးတပါး အမှုကို ပြန်စဉ်းစားပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အမေရိကန်နိုင်ငံရှိ သူ့မိသားစုက တရုတ် အာဏာပိုင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက မေတ္တာရပ်ခံ လိုက်ပါတယ်။
2018-04-16
မြန်မာနိုင်ငံကို ရိုဟင်ဂျာမွတ်စလင် ၅ ယောက်ပါတဲ့ မိသားစုတစုပြန်လာတဲ့အတွက် လက်ခံကြိုဆိုထားတယ်လို့ မြန်မာအစိုးရရဲ့ ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ချလိုက်ပါတယ်။
2018-04-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2018-04-16
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်ထောင်လောက်ကို ကယ်ဆယ်ပေးဖို့ အစိုးရထံ စာနဲ့ပြတောင်းဆိုထားပေမယ့် ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက် ရေးကော်မတီက ပြောပါတယ်။