သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-15
ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ လမ်းပွင့်သွားပြီဖြစ်ပြီး မကျင်းပရသေးတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပဖို့သဘောတူညီခဲ့တယ်လို့ RCSS ကိုယ်စားလှယ်တွေ က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
2019-07-15
မြစ်ရေတွေ မြင့်တက်နေတာကြောင့် ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ် လေးခုမှာ ရေဘေးဒုက္ခသည် နှစ်သောင်းကျော် ရှိနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။
2019-07-15
အများပြည်သူ စိတ်ဝင်စားနေတဲ့ နေပြည်တော်ကောင်စီနယ်မြေက Victoria အမှုကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
2019-07-15
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံး လုပ်ကြံသတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်တွေခရိုင်တရားရုံးမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူငယ် လေးဦးထဲက သုံးဦးကို တရားရုံးက ဒီနေ့ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-07-14
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားကျင်းပခဲ့ရာမှာ ဦးဆောင်သူ ခြောက်ဦးကို ကမာရွတ်မြို့နယ်ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားတယ်လို့ တရားစွဲခံ ထားရသူတွေက ပြောပါတယ်။
2019-07-14
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံရွာအနီးက လွယ်ဟန်တောင်ပေါ်နဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဟွေရွာအနီးက တောင်တန်းတွေပေါ်မှာ TNLA နဲ့ အစိုးရတပ်မတော်တို့ကြား မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ပြောခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
2019-07-14
ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့ကတိုက်ပွဲကြောင့် နွားရုံတောင်ကျေးရွာ၊ သျှီရှားတောင်၊ ကွမ်းတောင်၊ စပါးထာစတဲ့ ကျေးရွာတွေက ဒေသခံ စုစုပေါင်း ၂၆၀၀ ခန့်ဟာ နေရပ်တွေမှာ မနေရဲတော့ဘဲ ထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
2019-07-14
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisodom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ ခေါ်တဲ့ ကလေးငယ်လေး သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရတဲ့အတွက် တရားမျှတမှုရရှိရေး ဆန္ဒထုတ်ဖော်ပွဲကို လားရှိုးမြို့မှာ ဒီနေ့ မနက်ကပြုလုပ်ခဲ့ပါတယ်။
2019-07-14
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းက Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် သုံးနှစ် နီးပါးအရွယ် Victoria လို့ ခေါ်တဲ့ ကျောင်းသူလေး လိင်အကြမ်းဖက်ခံရတဲ့အမှုအတွက် မကွေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2019-07-14
ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်နေတာ တစ်ပတ်အထိ ကြာမြင့်နေပြီဖြစ်ပေမယ့် အစိုးရနဲ့ အရပ်ဖက်အဖက်အဖွဲ့အစည်းတွေက အကူအညီအထောက်ပံ့တွေ ရောက်မလာကြဘူးလို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2019-07-14
ချင်းပြည်နယ် ပလက်ဝမြို့မှာဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော် နဲ့ AA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်ရောက် ချင်းတိုင်းရင်းသား ၁၀၀ နီးပါး ဟာ ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-07-14
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ် ၁၁ လအရွယ် ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် တရားမျှတမှုရရှိစေဖို့ လယ်ဝေးမြို့ပေါ်မှာ ဒီနေ့ လူဦးရေ ၅၀၀ ခန့် လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
2019-07-13
AA နဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ကျောက်တော်မြို့နယ် သရက်တပင်ရွာသား တစ်ဦးကို လုံလောက်တဲ့ သက်သေမရှိဘူးဆိုပြီး တရားရုံးက အမှုကို စွဲချက်မတင်ဘဲ တရားရှင် လွှတ်ပေးလိုက်ပါတယ်။
2019-07-13
ပြည်ထောင်စုလွှတ်တော်မှာ မကြာခင်ရက်ပိုင်းအတွင်း တင်သွင်းမယ့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသဘောထား မပါဘူးလို့ ပါတီရဲ့ လွှတ်တော်အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေးက ပြောပါတယ်။
2019-07-13
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria အမည်ပေးထားတဲ့ ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုအတွက် တရားမျှတမှုရရှိစေဖို့ လယ်ဝေးမြို့ပေါ်မှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။