သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-12
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေအရေး ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေထဲက လူငယ် ၅ဦးကို ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော် တယ်ဆိုပြီး တရားစွဲဆိုသွားမယ်လို့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောလိုက်ပါတယ်။
2019-02-12
ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ပြန်လည်ရုပ်သိမ်းရေးအတွက် ဒီနေ့မနက်က ဆန္ဒပြ တောင်းဆိုတဲ့ဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစု ခွဲခဲ့တာကြောင့် ဆန္ဒပြသူ ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သပိတ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
2019-02-12
တိုင်းရင်းသားအချင်းချင်း နားလည်မှုလွဲမှားတာ၊ ယုံကြည်မှုနည်းပါးတာ၊ သံသယပွားများ လာတာတွေကြောင့် ဒီနေ့အထိ ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘူးလို့ နိုင်ငံတော်သမ္မတက ပြောလိုက်ပါတယ်။
2019-02-12
ရှမ်းမြောက်နဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေးကို ကချင် ခရစ်ယာန်ဘာသာရေး ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်လူသားချင်း စာနာမှုကော်မတီ KHCC က ဦးဆောင်ပြီး လာမယ့်မတ်လမှာ စတင်အကောင်ထည်ဖော် သွားမယ်လို့ KHCC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန် က ပြောပါတယ်။
2019-02-11
ရှမ်းပြည်နယ်အတွင်း နမ္မတူမြစ်လို့ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ်မယ့်ကိစ္စကို သီပေါမြို့နယ် ဆိုင်းလင်း ကျေးရွာအုပ်စုက ကန့်ကွက်လိုက်ပါတယ်။
2019-02-11
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမြန်ဆုံးတင်သွင်းဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆောင်ရွက်နေတယ်လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။
2019-02-11
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော် အကြား မနေ့က တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံ ၂၇ဝ ကျော် ပုဏ္ဏားကျွန်းမြို့နယ်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
2019-02-11
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ဒီနေ့ကျင်းပရာမှာ လူအင်အားတထောင်ကျော် ပါဝင်ခဲ့ပါတယ်။
2019-02-11
ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲခံရတဲ့ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်ဂျာခေါန်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက ဒဏ်ငွေ တစ်သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2019-02-11
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နဲ့ အင်းတော်မြို့အကြားမှာ လမ်းဖောက်ရင်း ရွှေထွက်တယ်လို့ ယူဆရတဲ့ ကျောက်သားတွေကို ဒေသခံတွေက ဝင်ရောက်တူးဖော်နေတာကြောင့် အဲဒီနေရာကို ရဲတပ်ဖွဲ့က လုံခြုံရေးယူပြီး ဝင်ရောက်ခွင့် တားမြစ်လိုက်တယ်လို့ သိရပါတယ်။
2019-02-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို လူအင်အား တစ်ထောင်ကျော်နဲ့ မန္တလေးမြို့၊ မနော်ရမ္မံကွင်းမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2019-02-11
ရှမ်းပြည်နယ် ကွမ်လုံမြို့နယ်အတွင်း MNDAA ကိုးကန့်တပ်ဖွဲ့က ဒေသခံတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာ၊ နယ်မြေကျော်လွန် လှုပ်ရှားတာတွေပြုလုပ်နေတာကြောင့် တပ်မတော်က နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။
2019-02-11
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချောင်းတူရွာခံ ၂၇၀ ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို ထွက်ပြေးရောက်ရှိနေကြပါတယ်။
2019-02-11
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးက အမြင့်ပေ ၁၅၀ ကျော်ရှိတဲ့ ကျောက်တောင်ကမ်းပါး မနေ့က နေ့လယ်မှာ ပြိုကျခဲ့တာကြောင့် ကျောက်စိမ်းတူးနေသူ ၆ ဦး သေဆုံးခဲ့ပါတယ်။
2019-02-11
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ နိုင်ငံတော် သမ္မတ ရဲ့ ညွှန်ကြားချက်နဲ့ လက်ရှိ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဌာနကို သီးခြားစီ ဖွဲ့စည်းဖို့ ဒီနေ့ ပြည်နယ် လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။