သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-17
ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ တောင်အမေရိက နိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆောင်အချို့ကို တာဝန်ရှိသူတွေအဖြစ် သတ်မှတ်ပြီး၊ အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးမြို့ တရားရုံးမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
2021-08-17
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ (NUG) က ဩဂုတ်လ ၁၇ ရက် ဒီနေ့ ပုံမှန်အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
2021-08-17
ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းကတိုက်ခန်းတစ်ခုမှာရှိတဲ့ လူငယ်တွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းချိန် သေဆုံးသွားတယ်လို့ နာမည်ထွက်ခဲ့တဲ့ ကိုကောင်းမင်းသန့်ဟာ အဲဒီနေ့က တိုက်ပေါ်ကနေရာတစ်ခုမှာ ၁၂ နာရီကြာပုန်းအောင်နေခဲ့ပြီးနောက် လွတ်မြောက်နယ်မြေတစ်ခုကို ထွက်ပြေးရောက်ရှိသွားခဲ့ပါတယ်။
2021-08-17
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သပြေရေရွာက ဈေးသည်တစ်ယောက်ကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-08-17
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပလိုင်း၊ ဂုန်တန်၊ ကန်သာ စတဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းထားပြီး ရွာသားတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2021-08-17
မကွေးတိုင်း ရေနံချောင်းမြို့နယ်က အုတ်ရှစ်ကုန်းကျေးရွာမှာ သြဂုတ်လဆန်းပိုင်း ကတည်းက ရွာလုံးကျွတ်နီးပါး ဖျားနာနေကြပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ တစ်ယောက် က RFA ကို ပြောပါတယ်။
2021-08-17
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် (၃) ရပ်ကွက်၊ ခြံအမှတ် (၁၇) က စစ်ကောင်စီရဲ့ သတင်းပေးဆိုသူ ဦးတင်လှ ဟာ ဒီနေ့ ဩဂုတ်လ ၁၇ ရက် မနက် ၅ နာရီဝန်းကျင်က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-17
ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီပြည်တပ်မတော် (KA) တည်ထောင်ခြင်း ၇၃ နှစ်ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့ပြီး တာဝန် ရှိသူတွေ၊ ကရင်နီ ရဲဘော်ရဲမေတွေနဲ့အတူ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးတဲ့နောက် ကရင်နီတပ်မတော်ထဲ ပူးပေါင်းလာတဲ့ ရဲဘော်ရဲမေတွေလည်း တက်ရောက်ခဲ့ပါတယ်။
2021-08-17
Covid-19 ရောဂါကူးစက်ခံရလို့ ပြီးခဲ့တဲ့ သြဂုတ်လဆန်းကတည်းက နေပြည်တော် သိုက်ချောင်းက တပ်မတော် ကုတင်တစ်ထောင် ဆေးရုံမှာ ဆေးကုသခံယူနေရတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီး ဆေးရုံကဆင်းရဖို့ နီးပြီလို့ စစ်တပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။
2021-08-17
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့က ဆိပ်ကမ်းမှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့က ကျွန်းတော်အနောက်ရွာက ဦးဇော်မျိုးမြင့် ဆိုသူကို စစ်သားတစ်ယောက်က သေနတ်နဲ့ အနီးကပ်ပစ်လိုက်ရာ ဦးခေါင်းပွင့်ထွက်သွားပြီး အနားက တစ်ယောက်ကိုပါ ကျည်ဆန်ထိမှန်ခဲ့လို့ နှစ်ယောက်လုံး သေသွားတယ်လို့ မင်းကင်း ဒေသခံတွေက ပြောပါတယ်။
2021-08-17
မန္တလေးတိုင်းအတွင်းက မြို့နယ်ငါးခုကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထား တဲ့ အိမ်မှာပဲနေထိုင်ရေး Stay at Home သတ်မှတ်ချက်အရ သြဂုတ်လ ၁၆ ရက် ကနေ ၂၉ ရက်နေ့အထိ နှစ်ပတ်တာကလအတွင်း နာရီပိုင်းပဲ အပြင်ထွက်ဖို့ စစ် ကောင်စီက အခုလ ၁၄ ရက်နေ့က နိုင်ငံပိုင်သတင်းစာကနေတဆင့် အသိပေးခဲ့ပါတယ်။
2021-08-17
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။
2021-08-17
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ပါ (Accept NUG–Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုမှာ တစ်ပတ်အတွင်း ပါဝင်သူပေါင်း သုံးသန်းကျော်ရှိနေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) အဖွဲ့က ပြောပါတယ်။
2021-08-17
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ဒီကနေ့ သြဂုတ် ၁၇ ရက်အထိ လေးရက်မြောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေရာ မနေ့က တိုက်ပွဲမှာ CDF က သုံးဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ် CDF က ပြောပါတယ်။
2021-08-17
မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့တိုင်းနီးပါး လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့အဖွဲ့တွေထဲက ကိုကျော်သီဟ (မန္တလေးတက္ကသိုလ်) နဲ့ မပိုးပီတီခိုင် (မန္တလာတက္ကသိုလ်) တို့ဟာ သြဂုတ်လ ၁၆ ရက် မနေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ ဆန္ဒပြအဖွဲ့မှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။