သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-22
ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထည့်ဝင်ငွေကျပ် သိန်းလေးထောင်ကျော်ကို ပြည်ထောင် စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးအမြဲတမ်းကော်မတီ FPNCC အတွင်းရေးမှူးအဖွဲ့က ကောက်ခံ ရရှိထားပြီးဖြစ်တယ်လို့ UWSA "ဝ" အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2018-08-22
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ဒေသခံ တချို့ဟာ မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို တိမ်းရှောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။
2018-08-22
၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်၊ ပညာရေးဝန်ကြီးဌာနရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ မပြီးစီးတာနဲ့ ပတ်သက်ပြီး အရေးယူသင့်တာ အရေးယူပြီး ပြည်ထောင်စုအစိုးရကို တင်ပြသင့်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
2018-08-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနဲ့ စိန်ခေါ်ချက်တွေအကြောင်း ကို စင်္ကာပူနိုင်ငံ ဂရင်းဟိုက်ယက်အင်တာနေရှင် နယ် ဟိုတယ်မှာ ဟောပြောခဲ့ပါတယ်။
2018-08-22
နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်တရားရုံးက လာမယ့်သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာ ဖြစ်ပါတယ်။
2018-08-22
လူမှုကွန်ရက်စာမျက်နှာတွေမှာ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မဟုတ်မမှန်စာတွေ ရေးသားနေတဲ့ အကောင့် ၂ ခုကို စုံစမ်းဖော်ထုတ်ပေးဖို့ ပြည်ထဲရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွေကို အကြောင်းကြားထားကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2018-08-22
တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ရေဘေးဒုက္ခကြုံရချိန် မှာ မြန်မာအိမ်နီးချင်း အိန္ဒိယနိုင်ငံက ပြည်နယ် တခုတည်းကတင် ရေဘေးကြောင့် လူ ၃၅၀ ကျော် သေဆုံးရပါတယ်။
2018-08-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ် စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးရောက်ရှိနေသူတွေ ပြန်လည်အခြေချနေထိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်ကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။
2018-08-22
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှု ညှိနိုင်းရေးမှူး Knut Ostby ကနု အော့စ်ဘီ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ပြန်လည် လက်ခံရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက သက်ဆိုင်ရာဒေသအားလုံးကို မိမိတို့ အဖွဲ့အစည်းတွေ ထိထိရောက်ရောက် လွတ်လွတ်လပ်လပ် သွားလာခွင့်မရသေးဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-21
ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် အီဒင်ဘာရာမြို့က ၂ဝဝ၅ ခုနှစ်မှာ ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် လွတ်မြောက်ရေးဆုကို ပြန် ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2018-08-21
နိုင်ငံခြားသားတွေကိုသာ သီးခြားခွင့်ပြုမယ့် ၂ဝ၁၈ လောင်းကစား ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက သြဂုတ်လ ၂၁ ရက်နေ့က တင်သွင်းလိုက်ပါတယ်။
2018-08-21
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာတွေနဲ့ ပတ်သက်ပြီး RFA ကိုဖြေကြားခဲ့တဲ့အတွက် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထပ်မံ တရားစွဲဆို ခံထားရတဲ့ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ခေါင်း ဥပဒေ ပုဒ်မ ၇ နဲ့ သြဂုတ်လ ၂၁ ရက်နေ့က ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2018-08-21
မကွေးတိုင်းမှာ ၂ဝ၁၇ ခုနှစ် အတွင်း တရားစွဲဆိုထားတဲ့ သက်ငယ်မုဒိန်းမှုပေါင်း ၇ဝ ရှိခဲ့တယ်လို့ မကွေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
2018-08-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ “မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနဲ့ စိန်ခေါ်ချက်တွေ” အကြောင်းကို စင်္ကာပူနိုင်ငံ ဂရင်းဟိုက်ယက်အင်တာနေရှင်နယ်ဟိုတယ်မှာ ဟောပြောခဲ့ပါတယ်။
2018-08-21
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဒီလပိုင်းအတွင်း ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အထင်ကရ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းမိတာ မရှိသေးပါဘူး။