သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-17
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပေမယ့် ပုဒ်မ ၅၉ အပါအဝင် ပုဒ်မတချို့ကို မူလအတိုင်းပဲ ထားရှိရေး မန္တလေးမြို့မှာ အမျိုးသားရေးလှုပ်ရှားသူ ဦးကျော်မျိုးရွှေ ဦးဆောင်ပြီး လူအင်အား ၅၀၀ လောက်က ဒီနေ့မနက် ဆန္ဒပြခဲ့ကြပါတယ်။
2019-07-17
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မတိုင်ခင် အောက်တိုဘာလ ဒါမှမဟုတ် စက်တင်ဘာလလောက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကို အစိုးရက တိုက်တွန်းလိုက်ပါတယ်။
2019-07-16
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်ထိပ်သီးခေါင်းဆောင်လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။
2019-07-16
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက် လျော့ချဖို့ အပါအဝင် NLD ပါတီရဲ့ အကြံပြု တင်ပြချက် ၁၁၄ ချက် ပါဝင်တယ်လို့ သိရပါတယ်။
2019-07-16
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်အတွင်းက ဗန်းမော်နဲ့ ရွှေကူမြို့တွေအပြင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြစ်ရေကြီးမှုဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးအခြေအနေရောက်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2019-07-16
အခုနှစ် ၇ လအတွင်း H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၁၇ ခုနှစ်ထက် နှစ်ဆနီးပါးပိုများနေပြီဖြစ်ပါတယ်။
2019-07-16
ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးဖို့ ခွင့်မပြုထားတဲ့ မြို့နယ်တွေမှာ ဥပဒေနဲ့အညီ ဆိုင်ကယ်စီးနင်းခွင့်ရဖို့ ကြိုစားနေကြပါတယ်။
2019-07-16
ရန်ကုန်မြို့နဲ့ ဒလမြို့ကို အချိန်မရွေး ဆက်သွယ်သွားလာနိုင်မယ့် တံတားကြီးကို အစိုးရက စတင် တည်ဆောက်နေရာမှာ ၂၀၂၀ ပြည့်နှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ တံတားတည်ဆောက်တာနဲ့ ပတ်သက်လို့ ဒေသခံတွေအကြားမှာ စိတ်ခံစားမှု အမျိုးမျိုးဖြစ်ပေါ်နေရာမှာ အလုပ်အကိုင် ပျောက်ဆုံးမှာ စိုးရိမ်သူတွေရှိသလို အလုပ်အကိုင်အခွင့်အလမ်း တိုးများလာမှာကို မျှော်လင့်ကြသူတွေရှိနေပါတယ်။
2019-07-15
တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံက နစ်နာကြေးအပြည့်အဝမပေးဘဲ စက်ရုံပိတ်သိမ်းမယ်ဆိုပြီး ကြေညာလိုက်တဲ့ကိစ္စကို ဖြေရှင်းပေးဖို့ စက်ရုံအလုပ်သမားတွေက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။
2019-07-15
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2019-07-15
နေပြည်တော်ကောင်စီနယ်မြေ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2019-07-15
ရက္ခိုင့်တပ်တော်(AA)က အချိန် လေးလကျော်ကြာထိန်းသိမ်းထားတဲ့ သုံ့ပန်းတစ်ဦးရဲ့ ရုပ်သံံကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2019-07-15
တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံက စက်ရုံအလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မကြာခင်ရက်ပိုင်းအတွင်း နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းပေးမယ်လို့ ကတိပေးလိုက်ပါတယ်။
2019-07-15
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2019-07-15
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ် နဲ့ လမ်းလျှောက်ပွဲ ဦးဆောင်သူတွေထဲက ဗကသကျောင်းသားတွေနဲ့ တကသကျောင်းသား စုစုပေါင်း ရှစ်ဦးကို ငြိမ်းစုစီ ဥပဒေတွေနဲ့ တရားစွဲလိုက်ပါတယ်။