သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-21
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
2024-06-21
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က ရွာတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရစာသင်ကျောင်းတွေ မဖွင့်နိုင်လို့ ကလေးတွေအတွက် ကိုယ်ထူကိုယ်ထကျောင်းလေးတွေ ဖွင့်ထားကြပါတယ်။
2024-06-21
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မှုခဲ့တဲ့ဖြစ်စဉ်ကို ပြန်လည် စိစစ်အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2024-06-21
ပန်ဝါမြို့အနီးက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်မှာ မြေပြိုမှုဖြစ်ပြီး ပျောက်ဆုံးနေသူတွေထဲက ၁၅ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပါတယ်။
2024-06-21
အမ်းမြို့နယ် သဲကမ်းထောင်းရွာကို ဇွန် ၂၀ ရက်မှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေးနှစ်အရွယ် ကလေးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-06-21
မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မဲ့ စီမံကိန်း ၁၂ ခုအတွက် စစ်ကောင်စီကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ပေးဖို့ တရုတ်နိုင်ငံက သဘောတူလိုက်ပါတယ်။
2024-06-21
ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က အရပ်သား ငါးဆယ်ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-21
ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ ကလေးမြို့ကြားက ချင်းလက်နက်ကိုင်အဖွဲ့တွေ သိမ်းထားတဲ့ ကနေဒီတောင်စခန်းနဲ့ သိုင်းငင်းစခန်း နှစ်ခုကို စစ်ကောင်စီတပ် က ပြန်လည်သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-21
ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို မတိုက်ကြဖို့ မြန်မာစစ်တပ်ကိုရော ရက္ခိုင့်တပ်တော် AA ကိုပါ သတိပေးထားပြီး၊ ဖြစ်လာမယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်း ကာမဲလ် (Asaduzzaman Khan Kamal) က မနေ့ကပြောတဲ့အကြောင်း ဒါကာထရီဗြွန်းသတင်းမှာ ဖော်ပြထားပါတယ်။
2024-06-20
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ရဲ့ လေလံကြမ်းခင်းဈေးနဲ့ ပတ်သက်လို့ ဇွန်လ ၂၀ ရက် မနေ့က ကမာရွတ်ခရိုင်တရားရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်လျှောက်လဲခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2024-06-20
ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့နယ်က ကချင်အထူးဒေသ (၁) နယ်မြေအတွင်းမှာရှိတဲ့ ဒေသခံတွေအနေနဲ့ လက်ရှိမှာ ဒေသကာကွယ်ရမယ့် အရေးပေါ်အချိန်ဖြစ်လို့ တစ်အိမ်တစ်ယောက် ရှေ့တန်းတာဝန် မဖြစ်မနေ ထမ်းဆောင်ရမယ်လို့ ဇွန်လ ၁၈ ရက်နေ့မှာ ပြည်သူစစ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
2024-06-20
ထိုင်းအစိုးရက တရားမဝင်အလုပ်သမားတွေကို ထုတ်ပေးတဲ့ ပန်းရောင်ကတ်ဆိုတာ ဘာလဲ။
2024-06-20
ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအကာအကွယ်မဲ့ပြီး နေ့စဉ်အသက်ဆုံးရှုံးနေရတယ်လို့ ARYF အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
2024-06-20
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေကြား ပြည်သူ ၁၈.၆ သန်း အကူအညီလိုအပ်နေတယ်လို့ ပြောပါတယ်။
2024-06-20
မျောက်ချောရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက RFA ကိုပြောပါတယ်။