သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-18
ဖမ်းဆီးခံထားရတဲ့ ACE ကုမ္ပဏီ ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၂ ဦးကို စစ်ဆေးချက်အရ လက်နက်တွေကို မြဝတီ လမ်းကြောင်းကနေတဆင့် တင်သွင်းတယ်လို့ သိရကြောင်း မကြာခင်မှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲမှူးကြီးဇော်ခင်အောင် ကပြောပါတယ်။
2017-10-18
ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေ တစ်အိတ်ကို ၂ ထောင်ကျပ် ကနေ ၅ ထောင်ကျပ် ဝန်းကျင်လောက်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။
2017-10-18
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿနာတွေ ကို ဖြေရှင်းမပေးလို့ဆိုပြီး တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွ့ဲဝင် ဝန်ကြီးနှစ်ဦးကို ရာထူး ကနေ နှုတ်ထွက်ပေးဖို့ ဒေသခံလယ်သမား ၁၀၀ ကျော်ရဲ့ ဆန္ဒပြပွဲ တားမြစ်ခံရတယ်လို့ သိရပါတယ်။
2017-10-18
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဆူပူမှု ပြုလုပ်ဖို့အတွက် မကွေးမြို့မှာ လူအင်အား စုဆောင်းသူကို နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ (က) နဲ့ မကွေးခရိုင်တရားရုံးမှာ မနက်ဖြန် စစ်ဆေးသွားမယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။
2017-10-18
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက် ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုး ရေးကဏ္ဍတွေအတွက် ပြည်ထောင်စုစီမံကိန်း ရှေ့ပြေးစီမံချက်ကို အစိုးရက ၂ဝ၁၇ အောက်တို ဘာလ ၁၆ ရက်နေ့မှာ စတင် အကောင်အထည် ဖော်လိုက်ပါတယ်။
2017-10-18
နေပြည်တော်မှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွေကို ဒီကနေ့ မှာ ပြန်လည်စတင်နေပြီဖြစ်ပြီး ဒီလွှတ်တော်တွေ အတွင်း ရခိုင်ပြည်နယ်အရေး ဆွေးနွေးလာဖို့တွေ ရှိလာနိုင်ပါသလား။
2017-10-18
ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်သမားတွေကို ရှာဖွေရှင်းလင်းချိန်တွေအတွင်း အလွန်အကျွံအင်အားသုံးစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဥရောပသမဂ္ဂက မြန်မာထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေကို အီးယူ ဥရောပနိုင်ငံတွေဆီဖိတ်ခေါ်တာတွေကို ရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်
2017-10-18
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချူပ် CTUM က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အလုပ်သမားတစ်ဦးကို တစ်ရက် အနည်းဆုံးအခကြေးငွေ ကျပ် ၆၆၀၀ သတ်မှတ်ပေး သင့်ကြောင်း CTUM က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2017-10-18
မြန်မာအစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးတွေ မရှိတော့ဘူး ဆိုတဲ့ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ ၆၆ ရွာထက်မနည်း ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို အစိုးရက ငြင်းဆိုလိုက်ပါတယ်။
2017-10-17
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နဲ့ တောင်ငူမြို့နယ်တွေမှာ စစ်တောင်းမြစ်ရေ မြင့်တက် လာမှုကြောင့် လူဦးရေ ၁ သောင်းကျော် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။
2017-10-17
အလုပ်သမားတစ်ယောက်ရဲ့ တစ်ရက်အနည်ဆုံးအခကြေးငွေကို ကျပ် ၆၆၀၀ နှုန်းထားသတ်မှတ် ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ဒီနေ့ သဘောထားကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။
2017-10-17
ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲ၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန် Jeffrey Feltman ဦးဆောင်တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံပြီး မောင်တောမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။
2017-10-17
မန္တလေးမြို့မှာ စည်ပင်သာယာက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီဘဲ အဆောက် အဦး ဆောက်လုပ်နေတာတွေကနေ ဒီဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလထိ ခြောက်လ အတွင်းမှာ ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ရရှိခဲ့တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနဲ့ ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြောပါတယ်။
2017-10-17
ရခိုင်ပြည်နယ်ကနေ တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို စိစစ်လက်ခံပြီးရင် မူလအခြေအနေထက် ပိုမိုစနစ်ကျတဲ့ အခြေအနေတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက် မှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2017-10-17
အရင်အစိုးရဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း ကို မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိတဲ့ကိစ္စမှာ နောက်ဆက်တွဲအဖြစ် လူငါးဦးကို ထပ်မံစစ်ဆေးနေပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထားသူ ၁၂ ဦးရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။