သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-23
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘုရား ဝတ္တကနယ်မြေအတွင်းမှာ ဧည့်နိုင်ငံသား ဦးရှောက်ဆန်းဆိုသူက အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြထားမှုကို ကန့်ကွက်တဲ့ အကြောင်းကြားစာကို ဘုရား ဂေါပကအဖွဲ့ဝင်တွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ပေးပို့လိုက်ပါတယ်။
2018-08-23
လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း တိုးတက်မှု နှေးနေတယ် လို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC က UWSA ဝ,ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောပါတယ်။
2018-08-23
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတာကို ချေဖျက်ပေးဖို့ ဒီနေ့ တရားရုံးမှာ တင်သွင်းခဲ့တယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။
2018-08-22
နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲမှာ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်းတွေက သရက်ဇုန်စီမံကိန်းအတွက် ဆိုပြီး ယူထားတဲ့မြေယာတွေကို စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒီမြေတွေထဲမှာ တောင်သူ ၁၉၆ ဦးရဲ့ မြေဧက ၉ဝဝ ကျော် ပါဝင်နေပါတယ်။
2018-08-22
တရုတ်ကုန်သည်တွေ ဈေးကစားနေတာကြောင့် ဒီနှစ် နာနတ်ရာသီမှာ ဈေးနှုန်းတွေကျဆင်းခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက နာနတ် တောင်သူတွေ တွက်ခြေမကိုက် ဖြစ်ခဲ့ရပါတယ်။
2018-08-22
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေအကြောင်းကို ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ ပါဝင်ခဲ့တဲ့ ဦးအောင်နိုင်ဦးက စာအုပ်ရေးသားပြုစုခဲ့ပြီး သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-08-22
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းနားမှာ အရောင်ပြောင်းနေတဲ့ ရေထုထဲမှာ ငါးနဲ့ တိရိစ္ဆာန် တွေကို အန္တရာယ်ပေးနိုင်တဲ့ ခဲဓာတ်တွေ ပါဝင်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2018-08-22
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
2018-08-22
မောင်တောမြို့နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတချို့ မြို့ပေါ်ကို တက်လာကြပါတယ်။ အခုလို ဒေသခံတွေ စိုးရိမ်နေတာဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ များနေတာကြောင့် ဖြစ်နိုင်တယ်လို့ မောင်တော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
2018-08-22
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ ပြန်တက်လာတာကြောင့် ရေးဘေးဒုက္ခသည် ရှစ်ထောင်ကျော် ရှိနေပြီး ရေဘေးဒုက္ခသည်စခန်း ၁၂ ခုလောက် ဖွင့်လှစ်ထားရပါတယ်။
2018-08-22
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က GE ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် နေအိမ်လိုင်းခန်းမှာ သြဂုတ်လ ၂ဝ ရက်နေ့က လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
2018-08-22
ငြိမ်းချမ်းရေးလုပ်ငန်း ထိရောက်အောင်မြင်မှုရှိစေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဆွေးနွေးခင် အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တို့အနေနဲ့ ကာလုံလို အစည်းအဝေးခေါ်ယူကျင်းပပြီး ကြိုတင်ညှိနှိုင်းသင့်တယ်လို့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက ပြောလိုက်ပါတယ်။
2018-08-22
ကရင်ပြည်နယ် ဘားအံမြို့မှာ ဒုတိယအကြိမ် ရေပြန်တက်လာတာကြောင့် ရေဘေးဒုက္ခသည် ရှစ်ထောင်ကျော်အထိရှိလာပြီး တခြားဒုက္ခသည်စခန်းတွေမှာ ဘာသာခြားတွေ နေထိုင်ရေး အခက်အခဲရှိတဲ့အတွက် မိုးလုံလေလုံအားကစားရုံမှာပဲ ကြပ်ကြပ်တည်းတည်း နေထိုင်ရတယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေး ဝန်ကြီးက ပြောပါတယ်။
2018-08-22
ရှမ်းပြည်နယ် တောင်ကြီးမြို့က GE ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် နေအိမ်လိုင်းခန်းမှာ ဒုအရာခံဗိုလ်နဲ့ တပ်ကြပ်ကြီးအပါအဝင် လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ် လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။
2018-08-22
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘုရား ဝတ္တကနယ်မြေမှာ ဧည့်နိုင်ငံသားတစ်ဦးက ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်ပြီး စားသောက်ဆိုင် ငှားရမ်းထားတာကြောင့် စည်ပင်သာယာဥပဒေနဲ့ အရေးယူထား တယ်လို့ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောပါတယ်။