သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-22
သံတွဲမြို့နယ်က ငပလီမြို့ အခြေစိုက် စစ်ကောင်စီ ခမရ (၅၆၆) ကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-22
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ နောက်ထပ် ရိုဟင်ဂျာတွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာက ပြောလိုက်ပါတယ်။
2024-06-22
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာ ၆၆ ဦးထဲက နှစ်ဦးဟာ ကျန်းမာရေးထိခိုက်လာတာကြောင့် ဆေးရုံတင်ထားရတယ်လို့ အိန္ဒိယ- မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ က RFA ကို ပြောပါတယ်။
2024-06-22
သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း မရောင်းချလို့ဆိုပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ဆန်ကုန်သည်တချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်လို့ ဆန်ကုန်သည်တွေနဲ့ ဆန်အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။
2024-06-22
ချီဖွေမြို့နယ် ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေထဲက ဇွန်လ ၂၂ ရက် ဒီနေ့အထိ ၂၁ ဦးရဲ့အလောင်းကို ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-22
မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်အေးချမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ မိတ်ဖက်အဖွဲ့တွေထံကို လက်နက်တွေ လွှဲပြောင်းရောင်းချတာမျိုးမလုပ်ဖို့ သူက တောင်းဆိုခဲ့တာပါ။
2024-06-22
ဂန့်ဂေါမြို့နယ် သာလင်းရွာမှာ ဇွန်လ ၂၁ ရက်နေ့က ကလေးသုံးဦး မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိတာကြောင့် ပေါက်ကွဲပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-22
စစ်တွေမြို့နယ် သိန်းတန်ရွာနဲ့ နာရီကန်ရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံလေးဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-22
ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူ ကုန်သွယ်ရေးဂိတ်ကို ဇွန်လ ၁၇ ရက်နေ့စပြီး ဖြတ်သန်းခွင့်ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-22
မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာခံခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-06-21
အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်စူးပြီး ရေးဆွဲထားတဲ့ အနုပညာပြပွဲတစ်ခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။
2024-06-21
စစ်ကောင်စီက စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတွေ တိုက်ခိုက်ခံရမှာ စိုးရိမ်တာတွေလည်း ရှိပါတယ်။
2024-06-21
စစ်ကောင်စီအနေနဲ့ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ လိမ်လည်သတင်းအမှားထုတ်ပြန်မှုဟာလည်း စက်ဆုပ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။
2024-06-21
စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-06-21
စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ တိုင်းဒေသကြီးတချို့မှာ အမျိုးသမီးစစ်မှုထမ်းစာရင်းတွေ ကောက်ယူနေတာကြောင့် ကာယကံရှင်တချို့က ဒီမိုကရေစီအရေးလှုပ်ရှားတဲ့အဖွဲ့တွေဆီ ဆက်သွယ်ပြီး အကူအညီတောင်းတာတွေ ရှိနေပါတယ်။