သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-28
အမေရိကန်ပြည်ထောင်စုမှာ လူချစ်လူခင် အများဆုံး ပုဂ္ဂိုလ်များ စာရင်းကို နှစ်စဉ် လူထု သဘောထား ကောက်ခံပြီး ဖေါ်ပြနေတဲ့ Gallup စာရင်းအရ ၂၀၁၀ ခုနှစ် အမေရိကန် ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှု အရှိဆုံး နိုင်ငံခြားသူ စာရင်းထဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပါတယ်။
2010-12-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံကို လာရောက် လည်ပတ်ဖို့ ကနေဒါ ဝန်ကြီးချုပ် Mr. Stephen Harper က ဖိတ်ကြားလိုက်ပါတယ်။
2010-12-27
မန္တလေးတိုင်းအတွင်းက နိုင်ငံရေး အကျဉ်းသားတွေကို ကူညီ ထောက်ပံ့ပေးနေတဲ့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံရေးအကျဉ်းသား ၄ ဦးအတွက် အလှူငွေ ကျပ် ၅ သောင်းစီ ဒီကနေ့ ထောက်ပံ့ကူညီ ပေးခဲ့တယ်လို့ သိရပါတယ်။
2010-12-27
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ် အမြန် ရောက်ဖို့ ဆိုရင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေတို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ လိုကြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီ UDP က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2010-12-27
အိုင်ယာလန်နိုင်ငံက နှစ်စဉ် ချီးမြင့်တဲ့ ၂၀၁၀ ပြည့်နှစ်အတွက် Tipperary နိုင်ငံတကာ ငြိမ်းချမ်းရေးဆု အတွက် ပဏာမ ဆန်ကာတင် ဆုရှင် စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ဆုချီးမြင့်ရေးအဖွဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။
2010-12-27
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၂ နှစ်မြောက်နေ့အဖြစ် ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူခဲ့ကြောင်း သိရပါတယ်။
2010-12-26
ပြည်တွင်း သတင်းစာဆရာတချို့ စုပေါင်းပြီး မြန်မာပြည်မှာ ရေးသားထုတ်ဝေနေတဲ့ သတင်း စာစောင်တွေထဲက ထူးချွန်ပြောင်မြောက်တဲ့ စာနယ်ဇင်းသမားတွေရဲ့ လက်ရာတွေကို (၅) မျိုး ခွဲခြားကာ နှစ်စဉ် ဆုရွေးချယ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
2010-12-26
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင်နိုင်ငံ အထက် လွှတ်တော်အမတ် Loren Legarda က ဒီကနေ့ နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-12-26
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားရေးမှာ အိန္ဒိယအစိုးရက နှုတ်ဆိတ် နေတာကို အိန္ဒိယအမျိုးသား စီးပွားရေးနိုဘဲဆုရှင် အမာတီယာဆန်က ဒီကနေ့ ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို အားပေးစကား ပြောဆိုမှု မရှိတဲ့အပေါ် အမေရိကန် သမ္မတအိုဘားမားက အိန္ဒိယအစိုးရကို ဝေဖန်တာကိုလည်း ထောက်ခံလိုက်ပါတယ်။
2010-12-26
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံခြား သတင်း ထောက်တွေ အနှောက်အယှက်မရှိ ဆက်သွယ်တွေ့ဆုံနေတဲ့ ကိစ္စ၊ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ပြည်ပခေါင်းဆောင်တွေ သံတမန်တွေရဲ့ သဘောထားပေးစာတွေကို ဝီကီလိခ် အင်တာနက်စာမျက်နှာက ဖွင့်ချလိုက်တဲ့ကိစ္စတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2010-12-25
မကြာသေးခင်က ကျင်းပခဲ့တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နှစ်ပတ် လည် အစည်းအဝေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီညွတ်ရေး၊ ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စစ်အစိုးရကို တိုက်ပွဲဝင် ဖိအားပေးဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
2010-12-25
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က လယ်သမား ၃၆ ဦးရဲ့ လယ်ယာမြေ ဧက ၁ ရာ သိမ်းဆည်းခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက မနေ့က ညနေပိုင်းက ခေါ်ယူတွေ့ဆုံပြီး လယ်မြေနေရာ အစားထိုးပေးမယ့် အကြောင်း ကမ်းလှမ်းချက်ကို လယ်သမား ၃၆ ဦးက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2010-12-25
အရင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဒေါက်တာဝင်းနိုင်တို့ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ ဘာ့ကြောင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ်ဆိုတာကို ရှင်းပြမယ်လို့ သိရပါတယ်။
2010-12-25
ကချင်ပြည်နယ်အတွင်း နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေနဲ့ ကချင် လွတ်လပ်ရေးတပ်မတော် အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လမ်းပန်း ဆက်သွယ်မှု လျော့နည်းသွားပြီး ဆေးဝါးပစ္စည်း ရှားပါးနေတာကြောင့် ပူတာအိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တချို့ ဆေးကုသဖို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
2010-12-25
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပထမဦးဆုံး အကြိမ်အဖြစ် သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့ ကြေညာပါတယ်။