သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-10
စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကြား ဒီနှစ်အတွင်းမှာ စစ်ရေးပြင်းထန်လာဦးမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ကြပါတယ်။
2025-01-10
လက်နက်ကိုင် ပဋိပက္ခအရှိန် မြင့်တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးက ကလေး ၇၅၀ ကျော် သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတယ်လို့ UNICEF က အစီရင်ခံပါတယ်။
2025-01-10
ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ပင်လယ်ကမ်းခြေမှာရှိတဲ့ မကျီးဇင်ရွာ ရဲစခန်းနဲ့ စစ်ကောင်စီတပ်ကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၉ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်လို့ ပြောပါတယ်။
2025-01-10
စစ်ကောင်စီကို လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာတွေ တင်ပို့ရောင်းချနေတာကို ချက်ချင်းရပ်တန့်ဖို့အတွက် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က နိုင်ငံတကာကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
2025-01-10
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ဖြတ်ဖို့ ပြည်သူလူထုက ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ Kachin National Forum – KNF အဖွဲ့က ထုတ်ပြန်တောင်းဆိုပါတယ်။
2025-01-10
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက စစ်ကောင်စီတပ်နဲ့ PNA တို့ ပူးတွဲအထိုင်ချထားတဲ့ တပ်စခန်းကို ဇန်နဝါရီလ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရာမှာ PNA က အသုံးပြုနေတဲ့ ကလေးစစ်သားတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ KNDF က ပြောပါတယ်။
2025-01-10
ဇန်နဝါရီ ၉ ရက်နေ့ကစပြီး တီးတိန်မြို့မှာ ဈေးဆိုင်တွေ အကုန်ပိတ်ထားပြီး စစ်ကောင်စီ ဝန်ထမ်းတွေလည်း အကုန်တိမ်းရှောင်နေကြပါတယ်။
2025-01-10
မန္တလေးတိုင်းထဲက MDY-PDF ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
2025-01-10
ကယားပြည်နယ်၊ လွိုင်လင်လေးမြို့၊ အိုက်စမ်းရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးပြီး ၅ လအရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ KNDF က ပြောပါတယ်။
2025-01-10
၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယအများဆုံး ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
2025-01-10
လိင်တူချစ်သူတွေအကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်တချို့ကို ညစ်ညမ်းစာတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားမဝင် ထုတ်ဝေစာဖြစ် သတ်မှတ်ပြီး ထုတ်ဝေသူတွေကို အရေးယူဖို့ စီစဉ်နေကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2025-01-10
စစ်ခေါင်းဆောင်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ အပြန်အလှန် တရားဝင် ကြေညာထားကြပေမဲ့ ထိရောက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မလာသေးလို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
2025-01-10
ရာဂီမုန်တိုင်းကြောင့် ရေကြီးပြီး အိမ်တွေ၊ စိုက်ပျိုးရေးခြံတွေ နစ်မြုပ်ပျက်စီးခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသခံတွေဟာ ရေကြီးပြီး လေးလရှိလာပေမဲ့ အကူအညီ ထိထိရောက်ရောက် မရတဲ့အတွက် ပြန်လည်ထူထောင်ရေး ခက်ခဲနေပါတယ်။
2025-01-10
ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အစပ်က ရွှေတူးဖော်ရေး လုပ်ကွက်တွေရှိတဲ့ ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဟုမ္မလင်းနဲ့ ဖားကန့်မြို့နယ် နှစ်ခုလုံးကို လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
2025-01-09
ထိုင်းနိုင်ငံ၊ ဆာရာဘူရီခရိုင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၈ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်း The Pattaya က ဇန်နဝါရီလ ၈ ရက်နေ့မှာ ဖော်ပြပါတယ်။