“စစ်ရေးအရှိန်မြင့်လာဦးမည့် ၂ဝ၂၅”
2025.01.10
၂ဝ၂၄ ခုနှစ်အတွင်း ရှမ်း၊ ကချင်၊ ရခိုင်၊ ကရင်၊ ချင်းပြည်နယ်တွေမှာ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ် နှစ်ခု၊ တပ်ရင်းတွေ၊ တပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေအပြင် မြို့အတော်များများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁ဝ၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အညာဒေသမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ ပြင်ဆင်နေကြသလို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့နဲ့ နယ်မြေဆက်စပ်နေတဲ့ ဒေသတွေမှာလည်း စစ်ဆင်ရေးတွေ စတင်နေပါပြီ။ လက်လွှတ်ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်လည်ရရှိဖို့ စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကြား ဒီနှစ်အတွင်းမှာ စစ်ရေးပြင်းထန်လာဦးမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ကြပါတယ်။
ဒီအကြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းကနေ အညာဒေသကို ပြန်လည်အခြေချလှုပ်ရှားမယ့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်၊ တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ (S.O.F) ရဲ့ တပ်ဖွဲ့မှူး ကိုအောင်စံရှား၊ ချင်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဆလိုင်းပီတာထန်းနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ တပ်မတော်သား ဗိုလ်ကြီးဇင်ယော်တို့ ပါဝင်ဆွေးနွေးပြီး RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။