သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-25
ကရင်ပြည်နယ် အစိုးရအဖွဲ့ကို အန်အယ် လ်ဒီပါတီ ကိုယ်စားလှယ်တွေအပြင် တခြား ပါတီက ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ နဲ့ ဖွဲ့စည်းသွားမယ်လို့ ကရင်ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်း ခင်ထွေးမြင့်က ပြောပါတယ်။
2016-03-25
ရန်ကုန်၊ မန္တလေး ၊ ရှမ်း၊ ကယား၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ဒီကနေ့ စတင်ကျင်းပနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်မြို့တွင်း ဂုံးကျော်တံတား တည်ဆောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် အတော်များများက ဆွေးနွေးကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းလင်းတင်ပြဖို့ တောင်းဆို ကြပါတယ်။
2016-03-25
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထား ရသူ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးနဲ့ပတ်သက်ပြီး ကန့်ကွက်သူမရှိ တာကြောင့် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-03-25
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အကြောင်း ထုတ်ပြန်ထားတဲ့ "ထုတ်ဖော်မှု အသစ်များနှင့် ဖိနှိပ်မှုအဟောင်းများ" ဆိုတဲ့ အစီရင်ခံစာကို Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီကနေ့ ရန်ကုန်မြို့ Park Royal Hotel မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်လိုက် ပါတယ်။
2016-03-25
လာမယ့် မတ်လ ၂၈ရက်နေ့ အစည်းအဝေးတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းတွေကို သက်ဆိုင်ရာ လွှတ်တော်အစည်းအဝေးတွေမှာ တင်ပြလာနိုင်တယ်လို့ ပြည်နယ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌတွေက ပြောပါတယ်။
2016-03-25
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဒေသနဲ့ကိုက်ညီတဲ့ မျိုးစေ့တွေ စိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေးပွဲ တစ်ခုကို မကွေးမြို့နယ် မကြီးကန်းကျေးရွာ မှာ ပြုလုပ်ခဲ့ပါတယ်။
2016-03-25
မန္တလေးစက်မှုဇုန်က အညစ်အကြေး ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲ စွန့်ပစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စက်မှုဇုန်အနီးတဝိုက်မှာ နေထိုင်သူတွေနဲ့၊ မန္တလေးစက်မှုဇုန် ရေဆိုးသန့်စင်ရေးစီမံကိန်း တာဝန်ရှိသူတွေ မတ်လ ၂၂ ရက်နေ့က ညောင်ပင်စောက်ကျေးရွာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-03-25
ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ကယား၊ ရခိုင်... စတဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ စတင်ကျင်းပနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်မြို့တွင်း ဂုံးကျော်တံတား တည်ဆောက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်အတော်များများက ဆွေးနွေးခဲ့ကြပါတယ်
2016-03-25
အစိုးရသစ် အာဏာလွှဲပြောင်းပြီးရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2016-03-25
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ မင်းတည်းကျေးရွာအနီးမှာ ကျူးကျော်တဲတွေနဲ့ နေထိုင်နေသူတွေရဲ့ ခြံစည်းရိုးတွေကို မနေ့က စစ်တပ်က ဖြိုဖျက်ခဲ့ပါတယ်။
2016-03-25
KNU ကရင်အမျိုးသားအစည်းအရုံးက ဦးစီးပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့က သုမေဓါရာမကျောင်းတိုက်မှာ ကျင်းပနေပါတယ်။
2016-03-25
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးနဲ့ ပတ်သက်ပြီး ကန့်ကွက်သူမရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်က ဒီနေ့အတည်ပြုလိုက်ပါတယ်။
2016-03-24
မိသားစုထဲမှာ နှိပ်စက်ခံရမှု၊ စီးပွားရေး အခွင့်အလမ်း ကင်းမဲ့မှုတို့ကြောင့် လွတ်လပ်မှုကို ရှာဖွေရင်း ပြည်ပကို ရောင်းစားခံလိုက်ရတဲ့ မိန်းကလေး နှစ်ယောက်အကြောင်း ရုပ်ပြဇာတ်လမ်းပါ။
2016-03-24
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရာထူး ကထွက်ခွာတော့မယ့် ဝန်ကြီးဟောင်းတွေ ဟာ သူတို့ကိုနိုင်ငံတော်က ဝန်ကြီးကာလ သက်တမ်းအတွင်း နေထိုင်ဖို့ပေးထားတဲ့ အိမ်တွေက ပစ္စည်းတွေကို အကုန်ယူသွားတယ် ဆိုပြီး အင်တာနက်ပေါ် မှာ ရေးသားနေကြတာတွေဟာ လုံးဝမဟုတ်ပါဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မနေ့က ချေပပြောဆို လိုက်ပါတယ်။
2016-03-24
၂ဝ၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထူထောင်ခဲ့တာ ၁၆ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း AAPP ဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။