ဖြတ်သန်းခွင့်တားမြစ်ထားတဲ့ ရန်ကုန်မြို့က လူကူးခုံးကျော်တံတားများ

2022.06.23
ဖြတ်သန်းခွင့်တားမြစ်ထားတဲ့ ရန်ကုန်မြို့က လူကူးခုံးကျော်တံတားများ ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘာအေးမှတ်တိုင်ရှိ ဖြတ်သန်းခွင့်မပေးသည့် လူကူးတံတား။
Photo: RFA

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့က လမ်းမကြီးတွေက လူကူးတံတားတွေကို ဖြတ်သန်းခွင့် ပိတ်ပင်ထားတာ တွေ့ရပါတယ်။

12.jpg
အင်းစိန်လမ်းမပေါ်ရှိ လူကူးခွင့်မရသည့် လှည်းတန်းလူကူးတံတား။ (Photo: RFA)

ဒီလူကူးတံတားတွေကို ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ်ကင်းဝေးဖို့ ရည်ရွယ်ချက်နဲ့ပါ တည်ဆောက်ခဲ့ကြပေမယ့်၊ အခုအခါမှာတော့ တံတားအတော်များများကို တံခါးပိတ်သော့ခတ်၊ သံဆူးကြိုးတွေနဲ့ ပိတ်ဆို့တားဆီး၊ လက်နက်ကိုင်လုံခြုံရေး အစောင့်အကြပ်တွေ ချထားပြီး လမ်းသွားလမ်းလာတွေကို ဖြတ်သန်းခွင့်မပေးတော့တာ တွေ့ရပါတယ်။

2.jpg
ရန်ကုန်မြို့ ယောမင်းကြီးလမ်းထိပ် အလံပြဘုရားလမ်းပေါ်က ဒဂုံ အထက (၁) ကျောင်းရှေ့ရှိ တံခါးသော့ခတ်ထားသည့် လူကူးတံတား။ (Photo: RFA)
4.jpg
ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘာအေးမှတ်တိုင်ရှိ ဖြတ်သန်းခွင့်မပေးသည့် လူကူးတံတား။ (Photo: RFA)

ရန်ကုန်မြို့ ဒဂုံ အထက (၁) ရှေ့က အလံပြဘုရားလမ်း လူကူးတံတားကို သော့ခတ်ထားသလို၊ အနော်ရထာလမ်းနဲ့ ဘုရားလမ်းထောင့်က သိမ်ကြီးဈေး လူကူးတံတားကိုလည်း သော့ခတ်ထားတာ တွေ့ရပါတယ်။

10.jpg
အင်းစိန်လမ်းမပေါ်ရှိ လူကူးခွင့်မရသည့် လှည်းတန်းလူကူးတံတား။ (Photo: RFA)
15.JPG
ပြည်လမ်း မဟာမြိုင်မှတ်တိုင်ရှိ လူကူးခွင့် မရတဲ့ လူကူးတံတား။ (Photo: RFA)

ပြည်လမ်း မဟာမြိုင်မှတ်တိုင် လူကူးတံတား၊ အင်းစိန်လမ်းမပေါ်က လှည်းတန်းလူကူးတံတားနဲ့ ဒေါပုံ-ယမုံနာ လမ်းမပေါ်က လူကူးတံတားတွေမှာ သံဆူးကြိုးတွေ တုပ်နှောင်ထားပါတယ်။ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးမှတ်တိုင်မှာရှိတဲ့ လူကူးတံတားကိုလည်းပိတ်ထားပြီး လက်နက်ကိုင်စောင့်ကြပ်နေပါတယ်။

6.jpg
အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် တံခါးပိတ်သော့ခတ်ထားသည့် လူကူးတံတား။ (Photo: RFA)
8.jpg
အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် တံခါးပိတ်သော့ခတ်ထားသည့် လူကူးတံတား။ (Photo: RFA0

လူကူးတံတားတွေ ပိတ်ထားတာကြောင့် ခရီးသွားတွေဟာ ယာဉ်အန္တရာယ်ကြားကနေပဲ လမ်းဖြတ်ကူးနေကြရတာ တွေ့ရပါတယ်။

16.JPG
ပြည်လမ်း မဟာမြိုင်မှတ်တိုင်ရှိ လူကူးခွင့် မရတဲ့ လူကူးတံတား။ (Photo: RFA)
13.jpg
အင်းစိန်လမ်းမပေါ်ရှိ လူကူးခွင့်မရသည့် လှည်းတန်းလူကူးတံတား။ (Photo: RFA)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။