မြန်မာနိုင်ငံက ဝါဆို၊ ဝါခေါင်လ မိုးရာသီကာလ တောင်သူလယ်သမားတွေ လယ်ယာလုပ်ငန်းခွင်ဝင်ပြီး ဆန်စပါးစိုက်ဖို့ ပြင်ဆင်ကြပါတယ်။
ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတွေ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေတာကို ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo : RFA)

ရန်ကုန်မြစ်ရဲ့ တစ်ဘက်ကမ်း ဒလမြို့နယ်က လယ်သမားတွေလည်း လယ်ယာလုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေပါပြီ။
ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သူမတစ်ဦး လယ်ယာလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေတာကို ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo : RFA)
ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတစ်ဦး လယ်ယာလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေတာကို ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo : RFA)
စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး စိုက်ပျိုးစာရိတ်ကြီးမြင့်လာပေမယ့် အခက်အခဲအမျိုးမျိုးကြားကပဲ လယ်သမားတွေဟာ သူတို့ရဲ့ မိရိုးဖလာ လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြတာပါ။
ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတွေ လယ်ယာလုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေတာကို ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo : RFA)
မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းဝန်းကျင်ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တုန်းက ပြောဆိုခဲ့ပါတယ်။
လယ်ယာလုပ်ငန်းလုပ်တဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတွေ ထမင်းစားနားနေတာကို ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo : RFA)
ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတွေ အနားယူနေတာကို ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo : RFA)